အာဆင်နယ်နောက်ခံလူ ဂေဘရဲလ် ပေါလစ္စတာကို ဗလင်စီယာအသင်း (၅)နှစ် စာချုပ်ဖြင့် ခေါ်ယူ

အာဆင်နယ်နောက်ခံလူ ဂေဘရဲလ် ပေါလစ္စတာကို ဗလင်စီယာအသင်း (၅)နှစ် စာချုပ်ဖြင့် ခေါ်ယူ
(ဓာတ်ပုံ - ဗလင်စီယာ)

ဗလင်စီယာအသင်းဟာ ဘရာဇီးနောက်ခံလူ ဂေဘရဲလ် ပေါလစ္စတာကို ယူရို ၁၂ သန်းဖြင့် ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း စပိန်ကလပ်က ကြေညာခဲ့ပါတယ်။

စာချုပ်အရ ဂေဘရဲလ်ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ အထိ လာလီဂါအသင်းမှာ ရှိနေမှာဖြစ်ပြီး စာချုပ်လျော်ကြေး ယူရိုသန်း ၈၀ အဖြစ် ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ ဗလင်စီယာအသင်းက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်ကစားသမား ဂေဘရဲလ်ဟာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလက ဗီလာရီးယဲလ်မှ အာဆင်နယ်အသင်းသို့ ပေါင်(၁၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး (၂)ရာသီအတွင်း (၆၄)ပွဲကစားခဲ့ပါတယ်။

ဂေဘရဲလ်ဟာ ကြာသပတေးနေ့က ဗလင်စီယာမြို့ကို ရောက်ရှိခဲ့ပြီး စာချုပ်မချုပ်ဆိုခင် ဆေးစစ်မှုမှာလည်း အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။

ယခုနွေရာသီမှာ အာဆင်နယ်အသင်းမှ ဆနိုဂို၊ ဆဇက်စနီတို့ပြီးနောက် ဂေဘရဲလ်မှာ အသင်းနှင့်လမ်းခွဲခဲ့တဲ့ တတိယမြောက်ကစားသမားဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly