ဂိုးဒါဇင်ဝက်အနိုင်ရလဒ်ဖြင့် မြန်မာယူ ၂၂ အသင်းဆီမီးတက်

ဂိုးဒါဇင်ဝက်အနိုင်ရလဒ်ဖြင့် မြန်မာယူ ၂၂ အသင်းဆီမီးတက်
မြန်မာဘောလုံးအသင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-MFF
 

သြဂုတ် ၁၈၊ ရန်ကုန်။        ။ မလေးရှားနိုင်ငံတွင်ကျင်းပပြုလုပ်နေသော ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်တွင် မြန်မာယူ ၂၂ အသင်းက ဘရူနိုင်း အသင်းကို ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

ယနေ့ မွန်းလွဲ ၂း၃၀ နာရီတွင် ယှဉ်ပြိုင်ကစားသော အုပ်စု (က) ပွဲစဉ်တွင် မြန်မာအသင်းက ဘရူနိုင်းကို ၆-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး အိမ်ရှင်မလေးရှားနှင့်ကစားရန် တစ်ပွဲကျန်သေးချိန်မှာပင် အုပ်စုအနေအထားအရ ဆီမီးတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ပွဲအစကတည်းက ဘရူနိုင်းအသင်းကို စိတ်ကြိုက်အသာစီးကစားနိုင်ခဲ့ပြီး ယခင်ပွဲများထက်လည်းပိုမို အချိတ်အဆက်မိမိကစားနိုင်ခဲ့သည်။

မြန်မာအသင်းအတွက်ဂိုးများကို ပွဲချိန် ၂၄ မိနစ်တွင် အောင်သူ၊ မိနစ် ၄၀ တွင် စည်သူအောင်၊ ရ၄ နှင့် ၈၅ မိနစ်တွင် အောင်ကောင်းမန်၊ ထပ်ဆောင်းအချိန်ပိုတွင် မောင်မောင်လွင်နှင့် သန်းပိုင်တို့က သွင်းယူပေးခဲ့ကြသည်။

မြန်မာအသင်းနှင့် တစ်ချိန်တည်းကစားသောအခြားပွဲတွင် စင်ကာပူက လာအိုကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ပွဲပြီးအမှတ်ပေး ဇယားရပ်တည်မှုတွင် မြန်မာအသင်းက သုံးပွဲကစား ၉ မှတ်၊ မလေးရှားအသင်းက နှစ်ပွဲကစား ၆ မှတ်၊ စင်ကာပူအသင်းက သုံးပွဲကစား ၃ မှတ်၊ လာအိုနှင့် ဘရူနိုင်းတို့က နှစ်ပွဲစီကစားပြီး အမှတ်မရသေးဘဲ အစဉ်လိုက်ရပ်တည်နေသည်။

မြန်မာယူ ၂၂ အသင်းမှာ အုပ်စုနောက်ဆုံးပွဲကို မလေးရှားအသင်းနှင့် သြဂုတ် ၂၁ ရက် ည ရး၁၅ အချိန်တွင် ကစားရမည်ဖြစ်ပြီး ယင်းပွဲမှာ အုပ်စု ပထမနေရာအဆုံးအဖြတ်ပွဲလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly