မွေးနေ့တွင် ဒုက္ခသည်များအတွက် ၀မ် ၈၁.၈ သန်း လှူဒါန်းခဲ့သည့် G-Dragon

မွေးနေ့တွင် ဒုက္ခသည်များအတွက် ၀မ် ၈၁.၈ သန်း လှူဒါန်းခဲ့သည့် G-Dragon

BIGBANG အဖွဲ့ဝင်ဖြစ်သူ အဆိုတော် G-Dragon သည် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျရောက်သည့် သူ၏ ၂၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် အလှူဒါနပြုလုပ်ခဲ့သည်။

သူသည် စစ်ဘေးနှင့် အကြမ်းဖက်မှုတို့ကြောင့် ထွက်ပြေးလာကြသော ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များကို အကူအညီပေးရန်အတွက် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ (UNHCR) သို့ ၀မ် ၈၁.၈ သန်း (အမေရိကန်ဒေါ်လာ ရ၁၇၀၀ ခန့်) လှူဒါန်းခဲ့သည်။

G-Dragon သည် နှစ်စဉ်နှစ်တိုင်း သူ၏မွေးနေ့တွင် နာမကျန်းဖြစ်သူများ၊ မသန်စွမ်းသူများအတွက် အလှူအတန်းများ ပြုလုပ်လေ့ရှိပြီး သူမ၏ပရိသတ်များကိုလည်း သူ့ကိုစံနမူနာထား၍ လိုက်လုပ်ကြရန်အတွက် သူ၏လူမှုမီဒီယာ အကောင့်များမှတဆင့် တိုက်တွန်းလေ့ရှိသည်။

G-Dragon က “ကျနော် ငြိမ်းတဲ့ကမ္ဘာမြေကြီးမှာ အသက်ရှင်နေထိုင်ချင်ပါတယ်။ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှု တွေကြောင့် ထွက်ပြေးနေရတဲ့ ကလေးငယ်တွေကို မြင်ရတဲ့အချိန်တိုင်း ကျနော်နာကျင်ရပါတယ်။ သူတို့အနား ယူဖို့အတွက် နေရာလေးတစ်ခုဖန်တီးဖို့ ကျနော်ကူညီပေးချင်ပါတယ်” ဟု ပြောခဲ့ပြီး “ ငြိမ်းချမ်းရေးဆိုတာ စိတ်ကူးယဉ်ရုံနဲ့ မရရှိနိုင်ပါဘူး။ ကျနောတို့အားလုံး စုပေါင်းလုပ်ဆောင်မှသာ ရရှိနိုင်တဲ့အရာ ဖြစ်ပါတယ်” ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။

ဒါ့အပြင် သူ၏မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ကိုရီးယားစံတော်ချိန် ည ၈:၁၈ နာရီတွင် BULLSHIT ဟု အမည်ပေးထားသော သူ၏သီချင်းဗီဒီယိုကို ထုတ်လွှင့်သွားရန် စီစဉ်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly