မက်ဆီ သက်တမ်တိုး စာချုပ်ချုပ်ခဲ့ခြင်း မရှိသေးကြောင်း ဘာစီလိုနာ ဒု-ဥက္ကဋ္ဌ ပြော

မက်ဆီ သက်တမ်တိုး စာချုပ်ချုပ်ခဲ့ခြင်း မရှိသေးကြောင်း ဘာစီလိုနာ ဒု-ဥက္ကဋ္ဌ ပြော
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာရဲ့ ဒု-ဥက္ကဋ္ဌက အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၁ ခုနှစ်အထိရှိမယ့် သက်တမ်းတိုး စာချုပ်ကို အခုချိန်ထိ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိးသေးကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ရီးယဲလ်အသင်းကို နှစ်ကျော့ပေါင်း (၅-၁)ဂိုးနဲ့ ရှုံးနိမ့်ကာ စပိန်စူပါဖလား လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် များမကြာခင်မှာပဲ အခုလို ဒု-ဥက္ကဋ္ဌ ဂျေုာ်ဒီမာစတာရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဂျေုာ်ဒီမာစတာက ဘရာဇီး ကွင်းလယ်ကစားသမား ပေါ်လင်ဟိုကို မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောကြားရာမှာ ကစားသမားသစ်နှစ်ဦးအတွက် သဘောတူညီမှု ရရှိခဲ့ပြီး သူတို့နှစ်ဦးဟာ စာချုပ်လက်မှတ်ရေးထိုးမယ့် ရက်ကို စောင့်ဆိုင်းနေပါတယ်လို့ ဆိုပါတယ်။

မက်ဆီဟာ သက်တိုးစာချုပ် လက်မှတ်းထိုး ချုပ်ဆိုမယ်လို့ ယုံကြည်ပါတယ်လို့ ကလပ်တာဝန်ရှိသူများက ပြောပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags