မြန်မာနှင့်ဘရူနိုင်း ပွဲစဉ်အတွက် မြန်မာဘောလုံးအဖွဲ့ချုပ်က လက်မှတ် ၂၃၀၀ ၀ယ်ယူခဲ့ပြီး အခမဲ့ပေးဝေမည်

မြန်မာနှင့်ဘရူနိုင်း ပွဲစဉ်အတွက် မြန်မာဘောလုံးအဖွဲ့ချုပ်က လက်မှတ် ၂၃၀၀ ၀ယ်ယူခဲ့ပြီး အခမဲ့ပေးဝေမည်
ဓာတ်ပုံ-MFF
 

သြဂုတ်လ ၁၇  ။              ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် သြဂုတ်လ ၁၈ ရက်ပွဲစဉ်အတွက် မြန်မာပရိသတ်များအတွက် လက်မှတ်(၂၃၀၀) တိုးမြှင့်ဝယ်ယူနိုင်ခဲ့သည်ဟု   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

မနက်ဖြန် သြဂုတ်လ ၁၈ ရက်တွင် ကျင်းပမည့် မြန်မာနှင့် ဘရူနိုင်း အမျိူးသား ဘောလုံးပွဲစဉ်အတွက် လက်မှတ်စောင်ရေ (၂၃၀၀)ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)ထံသို့ရောင်းချ ပေးမည်ဖြစ်ပြီး MFF မှဝယ်ယူကာ မြန်မာပရိသတ်များကို အခမဲ့ ဝေငှပေးသွားမည်ဖြစ်သည်။

မလေးရှားဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေး (MYASOC) ထံ မြန်မာပွဲလက်မှတ်များ အရေအတွက် တိုးမြှင့်ရောင်းချ ပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ညှိနှိုင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲသို့ လာရောက်ကြည့်ရှုသော မြန်မာပရိသတ်များအနေဖြင့် မလေးရှားလုံခြံုရေးနှင့် ကွင်းတာဝန်ရှိသူများက ဂိတ်အမှတ်(C) တစ်ခုတည်းကိုသာ ဖွင့်ပေးထားမည်ဟု ဆိုသဖြင့် ပရိသတ်များ တတ်နိုင်သမျှကွင်းသို့စောစွာ လာရောက်လျင်ပိုမို အဆင်ပြေနိုင်မည်ဖြစ်ပါသည်ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly