စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ပါမောက္ခစိုင်း နှင့်တွေ့ဆုံခြင်း အပိုင်း (၁)

စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ပါမောက္ခစိုင်း နှင့်တွေ့ဆုံခြင်း အပိုင်း (၁)

မှတ်ဉာဏ် ချို့ယွင်းတာတွေ၊ သတိမေ့တတ်တာနဲ့ ပတ်သက်ပြီး 4R Health Talk ကျန်းမာရေးရာအဖြေရှာအစီအစဉ်ကနေ အထူးကုဆရာဝန်ကြီးပါမောက္ခစိုင်းနဲ့ မေးမြန်းထားတာတွေကို ပြန်လည် ထုတ်လွှင့်ပေးလိုက်ပါတယ်။

မဇ္စျိမ - ဆရာကြီးခင်ဗျ မှတ်ဉာဏ်ချို့ယွင်းတာနဲ့ ပတ်သက်ပြီးတော့ကျွန်တော်တို့ မဇ္စျိမပရိတ်သတ်တွေကိုဗဟုသုတပေးချင်တာလေးများရှိရင် ပြောပေးပါအုံးခင်ဗျ။

Professor: Sai - ကျွန်တော်တို့ စိတ်ကျန်းမာရေးဌာနကနေပြီးတော့ အဓိကပြောချင်တာတော့ လူတွေမှာပစ္စည်းဥစ္စာဆုံးရှံုးတော့မယ်။ ပစ္စည်းပျောက်တော့မယ်ဆိုရင်တော့ အနည်းငယ်ဆုံးရှံုးတာပေါ့နော်။ လူတွေမှာ ခန္ဓာကိုယ် အစိတ်ပိုင်းတစ်ခုခုပေါ့ ဆုံးရှံုးတော့မယ် ဖြတ်လိုက်ရတယ်ဆိုရင် ခြေထောက်ကျိုးလို့ ဖြတ်လိုက်ရတယ်ဆိုရင် ဆုံးရှံုးမှုကအတော်အတန်ကြီးမားပါတယ်။ ဒါပေမယ့် လူတွေရဲ့ ဦးနှောက်အလုပ်၊အတွေးအခေါ်ပိုင်းဆုံးရှံုးလို့ ရှိရင်တော့ အလုံးစုံဆုံးရှံုးတာပေါ့။ အဲဒါကိုအဓိကပြောချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့အားလုံးဟာတစ်ချိန်ချိန်မှာတော့ မေ့လျော့တတ်ကြတာပဲ။ မမေ့တဲ့သူတွေရယ်လို့ မရှိပါဘူး။ သာမန်မေ့လျော့တတ်တာနဲ့ ငွေကြေးသုံးစွဲတာတို့ သာမန်နေ့စဉ် လုပ်တဲ့ အလုပ်တွေတော့ ပြောင်းသွားအောင် လုပ်နိုင်ပါတယ်။ စျေးဝယ်မယ် ဘာညာမမေ့ပါဘူး။ ထမင်းစားဖို့ ရေသောက်ဖို့ အကုန်လုံးကိုမှတ်မိပါတယ်။ ဒါပေမယ့် သူငယ်ပြန်တဲ့သူတွေ ဦးနှောက်ချို့ယွင်းသွားတဲ့သူတွေကတော့ ဒါတွေကိုမလုပ်နိုင်တော့ပါဘူး။ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တစ်ဖြေးဖြေးလျော့ပါးလာတဲ့ ရောဂါဖြစ်ပါတယ်။ ပြီးတော့ နေ့စဉ်လှုပ်ရှားမှုတွေလည်းနည်းပါးလာတယ်။ စွမ်းရည်များလည်းကျဆင်းသွားပါတယ်။ အများစုကတော့ အသက်ကြီးတဲ့သူမှာအဖြစ်များပါတယ်။

မဇ္စျိမ - ကျွန်တော် နောက်မေးခွန်းတစ်ခုကတော့ အသက်ကြီးလာတဲ့အခါ ဘာကြောင့်များမှတ်ဉာဏ်ချို့ယွင်းတာ ဖြစ်တာလဲခင်ဗျ။

Professor: Sai - ကျွန်တော်တို့ အသက် ၄၀ နောက်ပိုင်းပေါ့လေဆယ်စုနှစ် တစ်ခုတစ်ခုရောက်တိုင်းဦးနှောက်က ၅ ရာခိုင်နှုန်းကျံု့သွားပါတယ်။ ဥပမာအသက် ၄၀ ဆိုရင် ၉၅ရာခိုင်နှုန်းပဲရှိတော့တယ်။ ၅၀ ဆိုရင် ၉၀ ရာခိုင်နှုန်းပဲရှိတော့မယ်။ တစ်ဖြေးတစ်ဖြေးကျံု့လာတာပေ့ါ။ အဲ့တာကြောင့် မှတ်ဉာဏ်လည်းတစ်ဖြေးဖြေးလျော့လာတာပါ။

မဇ္စျိမ - ဟုတ်ကဲ့ပါခင်ဗျ။မှတ်ဉာဏ်ချို့ယွင်းတာဆေးပညာဝေါဟာရအရပြောရင် ဦးနှောက်ကျံု့တာပေါ့နော်။ ဒါမျိုးမဖြစ်အောင် ကျွန်တော်တို့ အစားအသောက်ပဲ ဖြစ်ဖြစ် အနေထိုင်ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းပဲ ဖြစ်ဖြစ် ဘယ်လိုမျိုးလုပ်သင့်လဲခင်ဗျ။

Professor: Sai - ဖြစ်တဲ့အကြောင်းအရာတွေကအများကြီးရှိတယ်ဗျ။ မှတ်ဉာဏ်ချို့ယွင်းတဲ့ အကြောင်းများစွာလည်းရှိပါတယ်။ တချို့ရောဂါတွေကဗီတာမင်ချို့တဲ့လို့ ဖြစ်တယ်။ တချို့ကျတော့လည်းသွိုင်းရွိုက်ဆိုတဲ့ အကျိတ်ကြောင့် ဖြစ်တယ်။ တချို့ကျတော့လည်းဓာတ်မတည့်တဲ့ဟာတွေပေါ့။ ဓာတုဗေဒတွေ စားမိလို့ ဖြစ်တာလည်းရှိတယ်။ နောက် တစ်ချို့ကျတော့လည်းအရက်၊မူးယစ်ဆေးဝါး၊ဆေးလိပ်တွေကြောင့် ဖြစ်တာလည်းရှိပါတယ်။

မဇ္စျိမ - ဟုတ်ကဲ့ ဆရာကြီး။ အဲဒါတွေကိုလေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်ဖြစ်ပေါ့နော်။ အချို့တွေကတရားထိုင်ကြတယ်။ တရားမှတ်တယ်။ တရားကျင့်တယ်။ ဒါမျိုးတွေကရော ကာကွယ်နိုင်လား?သတိမေ့လျော့တတ်တာကိုဘယ်လိုမျိုးကာကွယ်လို့ ရမလဲခင်ဗျ။

Professor: Sai - အဓိကကတော့ Health life Style နေတတ်ဖို့ပေါ့နော်။ လွယ်ပါတယ်။ ကျွန်တော်တို့ A,B,C,D,E လို့သတ်မှတ်ထားတယ်။ A က ဘာလဲဆိုတော့အရက်သေစာမသောက်ပါနဲ့။ B က ဘာလဲဆိုတော့ခန္ဓာကိုယ်ကိုအမြဲလှုပ်ရှားနေပါ။ ငြိမ်မနေနဲ့ပေါ့။ ကိုယ်လက်လှုပ်ရှားလုပ်ပါ။C ကျတော့ အငန်၊ အချိုလျော့စားပါ။ D ကြတော့ ဆေးရွက်ကြီးနဲ့ လုပ်တာတွေ မသုံးစွဲပါနဲ့။ ဆေးလိပ်၊ ကွမ်းယာနော်။ E ကျတော့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများများစားပေးပါ။ ခန္ဓကိုယ်ကိုအနားယူပေးပါ။ စိတ်ဖိစီးမှု လျော့နည်းပါစေ။ အိပ်ချိန်ဝဝအိပ်ပါ။ အာဟာရပြည့်ဝတဲ့ အစားစာတွေ စားပါ။

မဇ္စျိမ - အချက် ၅ချက်ပေါ့နော်။ ခုနကအရက်မသောက်ရဘူး။ ကိုယ်လက်လှုပ်ရှားရမယ်။ ပြီးရင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးအငန်အစပ်တွေ လျော့စားရမယ်။ ပြီးရင် ဟင်းရွက်များများစားရမယ်။ ဒါဆိုရင် အတိုင်းအတာတစ်ခုထိကာကွယ်နိုင်တယ်လို့ ပြောလို့ ရတာပေါ့။

ဆရာကြီးအခုနကပြောသွားတဲ့ အထဲမှာအသက် ၄၀ကျော်လာရင် ဦးနှောက်ကကျံု့လာတယ်ပေါ့နော်။ ဒါကတော့ ပုံမှန်ဖြစ်တဲ့ဟာမျိုးပေါ့နော်။ လူတိုင်းဖြစ်တာလားဆရာကြီး။

Professor: Sai - လူတိုင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့ဗျာ။ ပိုပြီးတော့မှ အကျံု့မြန်အောင် ဖြစ်တဲ့ အကြောင်းအရာတွေကလည်းရှိတာပေါ့။ ဥပမာအရက်သောက်လို့ ရှိရင်အရက်တစ်ခါ သောက်တိုင်းဦးနှောက်ဆဲလ်တွေဟာပျက်စီးသွားတယ်။ ဒါပေမယ့် ဦးနှောက်မှာဆဲလ်တွေကအများကြီးရှိတယ်။ နည်းနည်းပါးပါးပျက်စီးရုံနဲ့ သူကမသိသာဘူး။ တစ်နေ့နေ့ ပျက်စီးတာများများလာရင် ဆဲလ်တွေကပျက်စီးတာများလာတဲ့ အခါမှာတော့ မှတ်ဉာဏ်ချို့ယွင်းလာတာပေါ့။

မဇ္စျိမ - အဲ့လိုဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့လည်းဒါမျိုးတွေ ဖြစ်နိုင်တယ်ပေါ့။

Professor: Sai - ဖြစ်နိုင်ပါတယ်။ အနေအထိုင် မဆင်ခြင်ရင် ဖြစ်နိုင်တယ်။ ဆေးလိပ်သောက်တာလဲဒီလိုပေါ့။ ဆေးလိပ်သောက်လို့ ရှိရင် ဆေးလိပ်မှာနီကိုဒင်းဓာတ်ပါတယ်လေ။ နီကိုဒင်းဓာတ်ကသွေးကြောတွေကိုကျံ့သွားစေတာပေါ့။ ဦးနှောက်ကိုသွားတဲ့ သွေးကြောလေးတွေဟာသေးသေးလေးတွေလေ။ သေးသေးလေးတွေဆိုတော့ ဆေးလိပ်သောက်လိုက်ရင် ဦးနှောက်ကိုသွေးကလုံလုံလောက် လောက် မရောက်ဘူး။ မရောက်တဲ့ အခါကျတော့ ဦးနှောက် အချို့နေရာတွေကအနာဖြစ်သွားတာပေါ့။ ဆိုတော့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် သစ်ပင်တစ်ပင်ဟာရေကောင်းကောင်းမရလို့ ရှိရင် အကိုင်းတစ်ချို့က ခြောက်ပြီးတော့ ညိုးသွားတဲ့ ပုံမျိုးပေါ့။

မဇ္စျိမ - ဒါကတော့ အခုနကပြောသလိုဆရာကြီးပြောသွားတဲ့ နည်းလမ်းငါးခုရှိပါတယ်။ ဒီနည်းလမ်းငါးခုကိုဆင်ခြင်မယ်။ နေထိုင်မယ်။ ပြုမှုမယ်ဆိုရင် ဒါဟာမှတ်ဉာဏ်ချို့ယွင်းမှုကိုအနည်းငယ် ကာကွယ်နိုင်မယ့် အနေထား ဖြစ်ပါတယ် ခင်ဗျ။

အခု ကျွန်တော် ပထမဆုံးမေးလာတဲ့ သူကတော့ မဖြူဖြူစိုးလို့ ခေါ်ပါတယ်။ ဆရာကြီးရှင့် တဲ့။ဒီမှတ်ဉာဏ်ချို့ယွင်းတာကုသလို့ ရပါသလားတဲ့။

Professor: Sai - ကုသလို့ ပျောက်တဲ့အထိတော့ ကုလို့ မရပါဘူး။ ဒါပေမယ့် သိပ်မဆိုးလာအောင်တော့ ကာကွယ်လို့ ရပါတယ်။ ဥပမာမအိပ်ဘူးဆိုရင် အိပ်ပျော်သွားအောင် လုပ်မယ်။ သောင်းကျန်းနေတယ်ဆိုရင်လည်း ငြိမ်သွားအောင် လုပ်မယ်။ သူ့ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်တယ်။ နဂိုတိုင်းရောဂါ မှတ်ဉာဏ်ပြန်ကောင်းဖို့တော့ မလွယ်ပါဘူး။

မဇ္စျိမ - အခုနကဆရာကြီးပြောတဲ့ နည်းလမ်းငါးခုကိုလိုက်နာမယ်ဆိုရင်တော့ ပြန်ပြီးတော့ တိုးတက်လာမယ့် အခြေနေတော့ သုံးသပ်လို့ ရမလားဆရာကြီး။

Professor: Sai - ရပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်ကတော့ ဦးဗေဒါလို့ ခေါ်ပါတယ်။ ကျွန်တော် ဒီနေ့မှာပဲလာပြီးတော့ မေးမြန်းသွားတာ ဖြစ်ပါတယ်။ သူကဘာမေးလို့ ဆိုလို့ ရှိရင် အရမ်းစိတ်ညစ်ရတဲ့ ကာလတစ်ခုမှာအဲဒီကာလအတွင်းလူတွေ အကြောင်းအရာတွေကိုမမေ့သင့်ဘဲတစ်ချိန်မှာ ပြန်စဉ်းစားတဲ့အခါ ဘာကြောင့် မမှတ်မိတော့တာပါလဲခင်ဗျာ။ စိတ်ဖိအားများခဲ့လို့ များလားခင်ဗျာ..

Professor: Sai - စိတ်ဖိစီးမှုတွေ များမယ်။ စိတ်ကျနေမယ်ဆိုရင်တော့ ဒါဟာမှတ်ဉာဏ်ချို့ယွင်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကတော့ ခဏပါ။ အဲတာတွေ ပြေပျောက်သွားရင် မှတ်ဉာဏ် ပြန်ကောင်းလာမှာပါ။ ဒါဟာယာယီမှတ်ဉာဏ်ချို့ယွင်းတာပါပဲ။ အမြဲတမ်းဖြစ်တာမျိုးမဟုတ်ပါဘူး။

 

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အခုဆိုရင်တော့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီးပါမောက္ခစိုင်းကဖြေကြားပေးခဲ့တာတွေကိုအပိုင်း(၁) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ် ခင်ဗျာ။ ဆက်လက်ပြီးတော့လည်းကျန်ရှိတဲ့ အပိုင်း (၂)၊ (၃)၊ (၄) ကိုလည်းဆက်လက် ကြည့်ရှု့ အားပေးကြပါဦး ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly