မော်ကို စော်ကားသည့်အတွက် အထင်ကရတ ရုပ်ရုပ်သံကြယ်ပွင့် အပြစ်ပေးခံရမည်

မော်ကို စော်ကားသည့်အတွက် အထင်ကရတ ရုပ်ရုပ်သံကြယ်ပွင့် အပြစ်ပေးခံရမည်
မော်ကို စော်ကားသည့်အတွက် အပြစ်ပေးခံရတော့မည့် တရုတ် ရုပ်သံကြယ်ပွင့် ပိုင်ဖူကျန်း။ ဓာတ်ပုံ - ရိုက်တာ

လန်ဒန်၊ သြဂုတ် - ၁၀ ။          ။ နိုင်ငံပိုင်မီဒီယာ၏ သတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ အထင်ကရကြယ်ပွင့် ရုပ်သံအစီအစဉ် တင်ဆက်သူတစ်ဦးမှာ မော်စီတုန်းနှင့် ပတ်သက်၍ ပြတ်လုံးထုတ်မိ သည့်အတွက် ပြင်းထန် သော အပြစ်ပေးမှုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ရုပ်သံကြယ်ပွင့် ပိုင်ဖူကျန်း ဧည့်ခံပွဲတစ်ခုတွင် သရော်သည့် သီချင်းတစ်ပုဒ်ဆိုပြီး ကြမ်းတမ်း သောစကားလုံးများဖြင့် တရုတ်ခေါင်းဆောင်ဟောင်းကို စော်ကားနေသည့် ဗွီဒီယိုမှာ ဧပြီလက အွန် လိုင်းပေါ် သို့ တက်လာခဲ့သည်။ အကြီးအကျယ် အငြင်းပွားနေသည့် ကြားကပင် အဆိုပါဖြစ်ရပ် ဖြစ်ပွား ပြီး မကြာမီ မစ္စတာပိုင်အား ရုပ်သံတင်ဆက်ခွင့် ပိတ်ပင်လိုက်သည်။

သို့ရာတွင် People's Daily သတင်းစာ၏ ပြောကြားချက်အရ နိုင်ငံရေစည်းကမ်းကို ပြင်းပြင်း ထန်ထန် ချိုးဖောက်သည့်အတွက် မစ္စတာပိုင်၏ အလုပ်ရှင် နိုင်ငံပိုင်ရုပ်သံ CCTVအား မစ္စတာပိုင်ကို အပြစ်ပေးရန် အာဏာပိုင်များက ညွှန်ကြားထားသည်ဟု ဆိုသည်။

သန်းပေါင်းများစွာကို ငတ်မွတ်ခေါင်းပါး သေကြေစေခဲ့သည့် ယဉ်ကျေးမှုတော်လှန်ရေးကို ခေါင်းဆောင်ခဲ့သူမော်မှာ ယခုအချိန်အထိ အခြအတင်အငြင်းပွားစရာ ဖြစ်နေသေးသည်။

စစ်သားတစ်ယောက်က အတွင်းလူအဖြစ် စိမဝင်ကာ ဓားပြအုပ်စုများကို ဖျက်ဆီးရာတွင် ကူညီခဲ့သည့် ၁၉၄၆ ခုနှစ်က ဖြစ်ရပ်တစ်ခုကို ဇာတ်လမ်းဆန်ဆန် ရေးဖွဲ့ထားသော မော်ခေတ်သီချင်း တစ်ပုဒ်ကို ရုပ်သံကြယ်ပွင့် ပိုင်ဖူကျန်က သီဆိုခဲ့ခြင်းပင်ဖြစ်သည်။ ဗွီဒီယိုထဲတွင်မူ ပိုင်က သီချင်း တစ်ပိုင်းတစ်စကို သီဆိုနေပြီး စာသားများကြားထဲတွင် သူ၏ထင်မြင်ချက်များကို ညှပ်ထည့်ထားသည် ဟု ဆိုသည်။

''ငါတို့ဟာ ညှိမှောင်တဲ့ တောင်တန်းတွေဆီ လာခဲ့ကြတဲ့ လယ်သမားစစ်သားတွေ။ တောင်တွေ ထဲလာပြီး ဘာလုပ်ဖို့ပါလိမ့်''

''နောက်ပြန်ဆွဲ ဖောက်ပြန်ရေးသမားတွေကို အနိုင်တိုက်ဖို့။ သူတို့ကို နိုင်အောင်တိုက်နိုင် ပါ့မလား''

''ကောင်းကင်နဲ့ မြေကြီးကို ပြောင်းလဲပစ်မယ်။ တောင်နဲ့မြောက်က တော်လှန်စစ် ဆယ်စုနှစ် တွေဟာ ကြမ်းတမ်းခဲ့တယ်''

''ကွန်မြူနစ်ပါတီ၊ ဥက္ကဌမော်။ အား၊ ဒီ……အကြောင်း ဆက်မပြောကြစို့နဲ့။ ငါတို့ရဲ့ ဒုက္ခခံစားမှု တွေအတွက် သူ့မှာ အပြစ်ရှိတယ်''

၎င်းဝေးဘို ဘလော့အကောင့်တွင်မူ မစ္စတာပိုင်က သူ၏ မှတ်ချက်စကားက ပြင်းထန်ဆိုးရွား သော အကျိုးဆက်များကို ဖန်တီးခဲ့ကြောင်း၊ သူလို အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်အနေနှင့် သင်ခန်း စာယူရမည်ဖြစ်ကြောင်း စောင့်စည်းထိန်းသိမ်းဖို့ သင်ယူရမည်ဖြစ်ကြောင်း ဝန်ချတောင်းပန်သွားခဲ့ သည်။

မစ္စတာပိုင်ကို အပြစ်ပေးမည့်သတင်းနှင့် ပတ်သက်၍ ဝေးဘိုပေါ်တွင် အချို့က လွတ်လပ်စွာ ပြောဆိုခွင့် ကင်းမဲ့သည်ဟု ပြောကြပြီး အချို့ကမူ အပြစ်ပေးဖို့လိုအပ်သည်ဟု တုန့်ပြန်မှုမှာ ကောင်း ဆိုးနှစ်ထွေ ရောနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly