ဇင်းကျိုက်ရေတံခွန်၌ ရေကစားရာတွင် ရွှေထည်နှင့် ပစ္စည်းများကျပျောက်ပါက ဒေသခံများ ကူညီရှာဖွေပေးနေ

ဇင်းကျိုက်ရေတံခွန်၌ ရေကစားရာတွင် ရွှေထည်နှင့် ပစ္စည်းများကျပျောက်ပါက ဒေသခံများ ကူညီရှာဖွေပေးနေ

ပေါင်၊ သြဂုတ်၊ ၁၇ ။             ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းသို့ လာရောက်အပန်းဖြေသူများသည် ရေဆော့ကစားနေစဉ်အတွင်း   ရွှေငွေနှင့် ပစ္စည်းများ မျှောပါကျပျောက်သွားပါက ကူညီရှာဖွေပေးလျှက်ရှိကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

၀ါတွင်းကာလ၌ ဇင်းကျိုက်ရေတံခွန်သည် တောင်ကျရေစီးဆင်းလာမှုနင့်အတူ ရေစီးသန်လာသော ကြောင့် ရေဆော့ကစားရာမှ ၀တ်ဆင်ထား သော ဆွဲကြိုး၊ နားကပ်၊ ဟန်းချိန်း၊ ပိုက်ဆံအိတ်များသည် ရေထဲကျ ပျောက် မျှောသွားပါက ကူညီရှာဖွေပေးကာ တွေ့ရှိပါက မိမိပစ္စည်း ဖြစ်ကြောင်း ခိုင်လုံသော သက်သေများဖြင့် ပြန်လည်ပေး အပ်လျှက်ရှိ ကြောင်း အပန်းဖြေစခန်းလုပ်ငန်းကော်မတီတစ်ဦး ကပြောသည်။

" ဧည့်သည်တွေရဲ့ ပစ္စည်းတစ်ခုခု ရေထဲကျပျောက်သွားလို့ လာခေါ် ရင် ကျွန်တော်တို့က အမြန်ဆုံးကူညီ ရှာဖွေပေးတာပေါ့။ တချို့ပစ္စည်း တွေက ချက်ချင်းပြန်ရတာ ရှိသလို ရက်အနည်းငယ်ကြာမှ   ပြန်ရတာ လည်းရှိပါတယ်။ သူတို့ပစ္စည်းမှန်ရင်တော့ သက်သေနှင့်တကွ ပြန်ပေးလိုက်တယ်ပေါ့။ သူတို့က လာရောက်အပန်းဖြေတာလေ စိတ်သောက မရောက်အောင် စေတနာနဲ့ ကူညီပေးနေတာပါ၊ ငွေကြေးရလိုစိတ်နဲ့ ကူညီပေးနေတာ မဟုတ်ပါဘူး" ဟု ရေငုပ်ရှာဖွေပေးနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ရေတံခွန်သို့ လာရောက်အပန်းဖြေရေကစားသူများအတွက် အန္တရာယ်ရှိနိုင်သော တားမြစ်နေရာများသို့ မသွားကြရန်နှင့် ရွှေငွေပစ္စည်းများ စနစ်တကျထိန်းသိန်းကြရန် ဗွီနိုင်းပိုစတာများ၊ အသံချဲ့စက်များဖြင့် အသိပေးခြင်းလုပ်ငန်းများကို ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက နေ့စဉ်စောင့်ကြည့် ကူညီပေးလျှက်ရှိကြောင်း သိရသည်။

ယခုနှစ်များတွင် ဇင်းကျိုက်ကျောက်သင်္ဘောရေတံခွန်အပန်းဖြေစခန်း ကို အပန်းဖြေ အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်ခဲ့ပြီး အနယ်နယ်အရပ် ရပ်မှ ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားသားခရီးသွားများမှ အစိုးရရုံး ပိတ်ရက်များနှင့် နေ့ကြီးရက်ကြီးများတွင် မိသားစုအလိုက်၊ မိတ်ဆွေ အပေါင်းအသင်းများအလိုက် လာရောက်လည်ပတ်သူများပြားလျှက်ရှိ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly