ဆေးကုသမှုခံယူပါက တရုတ်နှင့် ထိုင်းတို့တွင် ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်ခွင့်ရမည်

ဆေးကုသမှုခံယူပါက တရုတ်နှင့် ထိုင်းတို့တွင် ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်ခွင့်ရမည်

ရန်ကုန်၊ သြဂုတ် ၁၇ ။            ။ ‘ လေးနိုင်ငံခရီးစဉ် ဒေသ ’ အဖြစ်ဖွဲ့စည်းထားသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ တို့ပါ၀င်သည့် (CLMV နိုင်ငံများ)  မှပြည်သူများ   ဆေးကုသမှုခံယူလိုပါက တရုတ်နှင့် ထိုင်းနိုင်ငံ တို့တွင် ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် ဆေးကုသမည်ဆိုပါက ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် စာရင်းတွင် ပါဝင်သည့် ကုသလိုသော ဆေးရုံသို့ ဆက်သွယ်၍ ရက်ချိန်းရယူရန်လိုအပ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆေးကုသမှုခံယူလိုသူများသိရှိနိုင်ရန် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ဆောင်မှု ပေးရေးဌာနမှ အသိအမှတ်ပြုထားသော ထိုင်းနိုင်ငံရှိ ဆေးရုံ (၁၆၀) စာရင်းကိုလည်းထုတ်ပြန်ထားသည်။

ဆေးကုသနေထိုင်ခွင့် ရက်ပေါင်း(၉၀) ရရှိရေးအတွက် အမည်၊ လိင်၊ လူမျိုး၊ နိုင်ငံကူးလက်မှတ်အမှတ်၊ နိုင်ငံကူးလက်မှတ်မိတ္တူစသည့် အချက်အလက် များ ပေးပို့အကြောင်းကြားထားသည့် လူနာနှင့် လူနာရှင်တို့အနေဖြင့် လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဆေးရုံမှ အတည်ပြုစာနှင့် နိုင်ငံကူးလက်မှတ် တို့ကို ပြသရန်လိုအပ်ကြောင်းသိရသည်။

ထို့့အပြင် ဆေးရုံတွင် ဆေးကုသမှုပြီးဆုံးချိန်ထိ ခံယူရမည်ဖြစ်ပြီး၊ ကုသပြီးပါက မိမိ၏ နိုင်ငံသို့ ပြန်လည်ထွက်ခွာရန်လည်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားတိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly