H1N1​ ကို ရန်ကုန်တွင် အများဆုံးတွေ့ရှိပြီး ဧရာဝတီတွင်​ သေဆုံးသူအများဆုံးဖြစ်​

H1N1​ ကို ရန်ကုန်တွင် အများဆုံးတွေ့ရှိပြီး ဧရာဝတီတွင်​ သေဆုံးသူအများဆုံးဖြစ်​
H1N1ရောဂါကာကွယ်ရန် နှာခေါင်စည်းများ တပ်ဆင်ထားသော ပြည်သူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်​ကုန်​၊သြဂုတ်​၁၇ ။          ။ H1N1​ရောဂါဖြစ်​ပွားသူ ရန်​ကုန်​တွင်​အများဆုံးဖြစ်​ပြီး ​သေဆုံးသူအ​ရေအတွက်​မှာ ဧရာဝတီတိုင်​းတွင်​ အများဆုံးဖြစ်​​နေ​ကြောင်​း ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ သြဂုတ်​လ(၁၆)ရက်​​နေ့ညပိုင်​းက ထုတ်​ပြန်​ချက်​စာရင်​းများအရ သိရသည်​။

Seasonal Influeza A(H1N1​)pdm09 ရောဂါပိုး​ကို တိုင်းနှင်​့ပြည်​နယ်​(၁၃)ခုတွင်​​ တွေ့ရှိရသည်​့အနက်​ ရန်​ကုန်​တိုင်​း​ဒေသကြီး၌ (၈၁)ဦးဖြင်​့ အများဆုံးဖြစ်​​နေသည်​။

ထို့အတူ တိုင်​းနှင်​့ပြည်​နယ်​ (၁၃)ခုတွင်​ H1N1​ရောဂါဖြင်​့ ​သေဆုံးသူဦး​ရေမှာ ဧရာဝတီတိုင်​း၌ (၁၀)ဦးဖြင်​့ အများဆုံးဖြစ်​​သည်​။

သြဂုတ်​လ(၁၅)ရက်​​နေ့လည်​(၂)နာရီမှ သြဂုတ်​(၁၆)ရက်​​နေ့လည်​(၂)နာရီအထိ H1N1​ရောဂါ​တွေ့ရှိသူ(၂၀)နှင်​့ ​သေဆုံးသူ(၁)ဦးတိုးလာခဲ့သည်​။

ထို့​ကြောင်​့ တစ်​နိုင်​ငံလုံးတွင်​ H1N1​ရောဂါဖြစ်​ပွားသူ (၂၆၂)ဦးနှင်​့ ​သေဆုံးသူ(၂၆)ဦးရှိ​ကြောင်​း ဇူလိုင်​(၂၁)မှ သြဂုတ်​(၁၆)ရက်​အထိ စာရင်​းမ​ျားအရသိရသည်​။

H1N1​ရောဂါ​တွေ့ရှိသည်​့ ပြည်​နယ်​နှင်​့တိုင်​းများမှာ ရန်​ကုန်​တိုင်​း​ဒေသကြီး၊ မန္တ​လေးတိုင်​း​ဒေသကြီး၊ ရခိုင်​ပြည်​နယ်​၊ မွန်​ပြည်​နယ်​၊ ဧရာဝတီတိုင်​း​ဒေသကြီး၊ ​နေပြည်​​တော်​၊ ရှမ်​းပြည်​နယ်​၊ ပဲခူးတိုင်​း​ဒေသကြီး၊ မ​ကွေးတိုင်​း​ဒေသကြီး၊ ကရင်​ပြည်​နယ်​၊ တနင်္သာရီတိုင်​း​ဒေသကြီး၊ စစ်​ကိုင်​းတိုင်​း​ဒေသကြီးနှင်​့ ချင်​းပြည်​နယ်​တို့ ပါဝင်​​နေသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly