မြောက်ကိုရီးယားအစိုးရနှင့် သံတမန်ရေး ဖြတ်တောက်ရန် လက်တင်အမေရိကကို အမေရိကန်တိုက်တွန်း

မြောက်ကိုရီးယားအစိုးရနှင့် သံတမန်ရေး ဖြတ်တောက်ရန် လက်တင်အမေရိကကို အမေရိကန်တိုက်တွန်း

 သြဂုတ် ၁၇ ။            ။ အမေရိကန်ဒုသမ္မတမိုက်ခ်ပန့်စ်က လက်တင်အမေရိကနိုင်ငံများဖြစ်ကြသော ချီလီ၊ ဘရာဇီး၊ မက္ကစီကို နှင့် ပီရူး နိုင်ငံတို့အား မြောက်ကိုရီးယားအစိုးနှင့် စီးပွားရေးအရ၊ သံတမန်ရေးအရ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်် ရန် ဗုဒ္ဓဟူးနေ့က တိုက်တွန်းပြောဆိုခဲ့သည်။

တောင်အမေရိကနိုင်ငံများသို့ ၆ ရက်တာခန့် အလည်အပတ်ရောက်ရှိနေသော မိုက်ခ်ပန့်စ်သည် ချီလီသမ္မတ မစ်ရှဲလ်ဘာချီလက်နှင့်အတူ ဆန်တီယာဂိုမြို့၌ တွေ့ဆုံခဲ့အပြီးတွင် ကန်ဂျံုအမ်းအစိုးရအား ၄င်းတို့၏ နျူကလီး ယားလက်နက် အစီအစဉ်ကို လျှော့ချပစ်ဖို့ ၀ိုင်းဝန်းတွန်းအားပေးရန်အတွက် ယခုလိုတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ချီလီ၊ ဘရာဇီး၊ မက္ကစီကိုနဲ့ ပီရူးနိုင်ငံတို့ကို ဒီနေ့မှာ ကျနော်တောင်းဆိုချင်တာက မြောက်ကိုရီးယားနိုင်ငံနှင့် စီးပွားရေးအရရော သံတမန်ရေးအရာပါ အဆက်အသွယ် ဖြတ်တောက်ပစ်ဖို့ပဲ ဖြစ်ပါတယ်” ဟု မိုက်ခ်ပန့်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “မြောက်ကိုရီးယားအပေါ် စိတ်ရှည်သည်းခံပြီး စောင့်ကြည့်ရမယ့် ခေတ်ကုန်သွားပါပြီ။ အရေးယူဖို့ ရွေးချယ်စရာ နည်းလမ်းအားလုံး အဆင်သင့်ဖြစ်နေပါပြီ” ဟုလည်း ပန့်စ်က ပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ အဓိကစီးပွားဖက်မှာ တရုတ်နိုင်ငံဖြစ်သော်လည်း လက်တင်အမေရိကနိုင်ငံများနှင့် လည်း စီးပွားကူးသန်းမှု အနည်းငယ်ရှိသည်။ ချီလီနိုင်ငံသည် တရုတ်၊ မြောက်ကိုရီးယားတို့နှင့် စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေသည်။

“ မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးကို အဆုံးသတ်ပေးဖို့ ဘာချီလက်ကို ကျနော်တောင်းဆိုပါတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ အဲ့ဒါကတော့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး ပါပဲ” ဟု မိုက်ခ်ပန့်စ်က ဘာချီလက်နှင့် တွေ့ဆုံစဉ်တွင် ပြောခဲ့သည်။

တစ်ဆက်တည်းတွင် ဗုဒ္ဓဟူးနေ့အစောပိုင်း၌ ဒေါ်နယ်ထရမ့်က အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းသို့ ဒုံးကျည်ဖြင့် ပစ်လွှတ်မည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည့် မြောက်ကိုရီးခေါင်းဆောင် ကင်မ်ဂျံုအမ်၏ ဆုံးဖြတ်ချက်ကို အလွန်အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်ဟု ပြောဆိုကာ ချီးမွမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly