သင့်နှလုံးသားနဲ့ “Zoom” ဆွဲလိုက်ပါ။

သင့်နှလုံးသားနဲ့ “Zoom” ဆွဲလိုက်ပါ။

ဓါတ်ပုံပညာကို စိတ်ပါဝင်စားသူများအနေနဲ့ အသေတပ်ဆင်ထားတဲ့ ဆုံချက်မှန်ဘီလူးနဲ့ “zoom” ဆွဲလို့ရတဲ့ မှန်ဘီလူးကြား ဗျာများရတဲ့အခြေအနေကြံုတွေ့ဖူးကြပါလိမ့်မယ်။ အသေတပ်ဆင်ထားတဲ့ ဆုံချက်မှန်ဘီလူးက ပိုမိုကောင်းမွန်တဲ့ ပုံရိပ်အရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တခါတလေမှာတော့ အကွာအဝေးအရ ဘောင်ကို ကန့်သတ်ထားတာမျိုးဖြစ်နိုင်ပါတယ်။ “zoom” မှန်ဘီလူးတွေကတော့ အကာအဝေးအရ ကန့်သတ်နေတယ်ဆိုတာ ရှားပါတယ်။ ဓါတ်ပုံကို ဘောင်ခတ်နိုင်ဖို့အတွက်ကတော့ လွတ်လွတ်လပ်လပ်ရှိပါတယ်။ ဒါပေမဲ့ ဓါတ်ပုံအရည်အသွေးကိုတော့ ညှိယူရပါမယ်။

ဒီလိုဆိုရင် ဓါတ်ပုံအရည်အသွေးကို မညှိရဘဲ ဓါတ်ပုံအနေအထားကို ဘယ်လို လွတ်လွတ်လပ်လပ် ဖန်တီးကြမလဲ။

HUAWEI P10 | P10 Plus Portrait Mode: Dual-zoom Lens

အတွေ့အကြံုတွေကို အလွန်အမင်းရှာဖွေခြင်းက အကောင်းဆုံးရလဒ်ရဖို့အတွက် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို မျှခြေချခြင်းသာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ HUAWEI P10|P10 Plus က ၁ဆ ကနေ ၂ဆအထိ ဆက်တိုက် zoom ဆွဲနိုင်ဖို့ ပံ့ပိုးပေးမှာပါ။

HUAWEI P10 Plus နှင့် ရိုက်ကူးထားပုံ 1x (Zoom မပါဘဲ)

HUAWEI P10 Plus နှင့် ရိုက်ကူးထားပုံ 2X (Zoom ၂ ဆ)

Zoom ၂ဆနဲ့ ရိုက်ကူးထားတဲ့ မိန်းကလေးရဲ့ နမူနာပုံမှာ ကြည်လင်တဲ့အကြည့်၊ ချောမွေ့တဲ့အသားအရေ၊ တောက်ပပြီးစိုပြေတဲ့နှုတ်ခမ်းတို့ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်က ဓါတ်ပုံထဲမှာ ထင်းနေတာကို မြင်တွေ့ရပါတယ်။

HUAWEI P10၊ P10 Plus က RGB နဲ့ Monochrome ကို ပေါင်းစပ်ထားတဲ့ မှန်ဘီလူးနှစ်လုံးနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ 20MP အဖြူအမည်း မှန်ဘီလူးက တောက်ပတဲ့နေရာနဲ့ မှောင်တဲ့နေရာတွေရဲ့ အသေးစိတ်ကို ဖမ်းယူမှာဖြစ်ပြီး 12MP အရောင်ပါတဲ့ မှန်ဘီလူးက တောက်ပ အရောင်တွေကို ဖမ်းယူမှာဖြစ်ပါတယ်။ အရင် P9 မှာ ပါဝင်ခဲ့တဲ့ 12MP အဖြူအမည်းမှန်ဘီလူးကို 20MP အဖြစ်ကို အဆင့်မြှင့်တင်ခဲ့တာဖြစ်ပြီး အရောင်ဖြတ်မှု၊ အသေးစိတ်မှတ်သားနိုင်မှုနဲ့ အလင်းနဲ့အမှောင်ကို အာရုံခံနိုင်မှုတို့မှာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။

အဲ့ဒါက ဆုံတာ ၂ခုကြောင့်ပဲ မဟုတ်ပါဘူး။ သင်နဲ့ တည်ငြိမ်တဲ့အရည်အသွေးရှိတဲ့ ပုံရိပ်တွေရဖို့အတွက် နေရာအနေအထားရှုထောင့်ရဖို့အတွက် ဆက်တိုက် zoom ၁.၁ ဆကနေ ၂ဆအထိ ဆွဲနိုင်တာကြောင့်လဲ ဖြစ်ပါတယ်။

အောက်မှာပြထားတာကတော့ ပြောင်းလဲနိုင်တဲ့ ဆုံတာမှာ ရိုက်ယူထားတဲ့ ရုပ်ပုံပဲဖြစ်ပါတယ်။ နေရာအထားရှုထောင့်ပြောင်းလဲခြင်းက အရာဝတ္ထုရဲ့တည်နေရာ၊ အရောင်နဲ့ အရိပ်တို့ရဲ့ပြောင်းလဲမှုနဲ့ နောက်ခံတည်ဆောက်ပုံတို့ကိုလည်း ရိုက်ယူပါတယ်။

HUAWEI P10 Plus နဲ့ ရိုက်ယူထားပုံ 2x (Zoom ၂ဆ)

HUAWEI P10 Plus နဲ့ ရိုက်ယူထားပုံ 1.6x (Zoom ၁.၆ ဆ)

HUAWEI P10 Plus နဲ့ ရိုက်ယူထားပုံ 1.2x (Zoom ၁.၂ ဆ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly