ဗင်နီဇွဲလား အကျဉ်ထောင်အဓိကရုဏ်းအတွင်း လူ ၃၇ ဦး သေဆုံး

ဗင်နီဇွဲလား အကျဉ်ထောင်အဓိကရုဏ်းအတွင်း လူ ၃၇ ဦး သေဆုံး
ပြည်နယ်အုပ်ချုပ်ရေးမှူး လီဘောရီယိုဂူရူလာအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP

ကရာကတ်စ်၊ သြဂုတ် ၁၇ ။              ။ ဗင်နီဇွဲလားနိုင်ငံ အမာဇွန်နာပြည်နယ်က အကျဉ်းထောင်တစ်ခုတွင် အချိန်ကြာမြင့်စွာ ထောင်တွင်း အဓိကရုဏ်း ဆူပူမှုတစ်ရပ် ဖြစ်ပွားခဲ့ရာတွင် လူ ၃၇ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက သြဂုတ် ၁၆ ရက်တွင် ပြောသည်။

ပေါအာတိုအယာကူချို မြို့က ထောင်တွင် ဖြစ်ပွားသော လူ ၃၇ ဦး သေဆုံးသည့် ယခုထောင်ဆူမှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အစိုးရရှေ့နေရုံးက ပြောသည်။

အစောပိုင်းက သေဆုံးသူဦးရေ ၃၅ ဦးရှိသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး လီဘောရီယိုဂူရူလာက တွစ်တာတွင် ရေးသားထားသည်။

သြဂုတ် ၁၅ ရက်မှစကာ နောက်ရက် ၁၆ ရက် အစောပိုင်းအထိ ဖြစ်ပွားသော ထောင်ဆူပူမှု၌ ထိခိုက်ဒဏ်ရာရသူ တာဝန်ရှိသူ ၁၄ ဦး ရှိကြောင်း အစိုးရရှေ့နေရုံးက ဆိုပြီး သေဆုံးသူများတွင် တာဝန်ရှိသူများ ပါမပါ ပြောခြင်းမရှိပေ။

သေဆုံးသူအားလုံးက အကျဉ်းသားများသာ ဖြစ်ကြောင်း အကျဉ်းထောင်စောင့်ကြည့်ရေး အဖွဲ့နှစ်ဖွဲ့က ပြောသည်။

"ခုထောင်ဆူမှုဟာ အဆိုးဆုံး ထောင်ဆူပူမှုပဲ ဖြစ်ပါတယ်။"ဟု အကျဉ်းထောင်စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် A Window to Freedom မှ ကားလို့စ်နီတိုးက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

ထောင်ဆူပူမှု အဓိကရုဏ်း ဖြစ်ချိန်တွင် ယင်းအကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသား ၁၀၅ ဦး ရှိနေသည်ဟု ဂူရူလာက ပြောခဲ့သည်။

ဗင်နီဇွဲလားတွင် ၂၀၁၃ ခုနှစ်အတွင်းက အူရီဘာနာပြည်နယ်က အကျဉ်းထောင်တွင် အသေအကျေအများဆုံး ထောင်ဆူပူမှု အဓိကရုဏ်း ဖြစ်ခဲ့ရာတွင် လူပေါင်း ၆၀ သေဆုံးကာ ၁၅၀ ကျော်ထက်မနည်း ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly