မီလန်မှ တိုက်စစ်မှူး ဘက်ကာကို အငှားစာချုပ်ဖြင့် ဗီလာရီးယဲလ်အသင်း ခေါ်ယူ

မီလန်မှ တိုက်စစ်မှူး ဘက်ကာကို အငှားစာချုပ်ဖြင့် ဗီလာရီးယဲလ်အသင်း ခေါ်ယူ
(ဓာတ်ပုံ - ဗီလာရီးယဲလ်)

ကိုလံဘီယာလက်​​ရွေးစင်​ တိုက်​စစ်​မှူး ကားလို့စ်​ဘက်ကာဟာ​ အေစီမီလန်အသင်းမှ​​ လာလီဂါကလပ်​​ ဗီလာရီးယဲလ်​အသင်​းထံ တစ်​ရာသီအငှားစာချုပ်​နဲ့​ ရောက်​ရှိသွားခဲ့ပြီဖြစ်ကြောင်း စပိန်ကလပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

အဆိုပါအငှားစာချုပ်တွင် ရာသီကုန်ချိန်မှာ ကစားသမားအား အပြီးသတ် ဝယ်ယူခွင့်ပါရှိကြောင်း ဗီလာရီးယဲလ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်အရ သိရပါတယ်။

မီလန်နှင့် နှစ်ရာသီကစားခဲ့တဲ့ အသက် ၂၉ နှစ် ကစားသမားဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းက ဆေးစစ်မှုအောင်ခဲ့ပြီးဖြစ်ပါတယ်။

စပိန်တိုက်စစ်မှူး ရောဘ်တို ဆယ်ဒါဒိုဟာ ဗီလာရီးယဲလ်​အသင်းမှ တူရကီကလပ် ဖီနာဘာချီဆီ ပြီးခဲ့တဲ့အပတ်က ပြောင်းရွှေ့ခဲ့ပြီးနောက် ဘက်ကာဟာ စပိန်ကလပ်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

နိုင်ငံအသင်းမှာ ၃၉ ပွဲကစား၊ ၁၃ ဂိုးသွင်းယူထားတဲ့ ဘက်ကာဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ၊ အီတလီစူပါဖလားနှင့် အီတလီဖလားပြိုင်ပွဲတွေမှာ မီလန်အသင်းအတွက် ၃၄ ပွဲကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူခဲ့ပါတယ်။

ဘက်ကာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာပြီးနောက်ပိုင်း သူဟာ ၃၃၆ ပွဲမှာ ၁၆၅ ဂိုးသွင်းယူခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly