စီရော်နယ််လ်ဒိုရဲ့ (၅)ပွဲပယ်ပြစ်ဒဏ် အယူခံမှု ရီးယဲလ်အသင်း ရှုံးနိမ့်

စီရော်နယ််လ်ဒိုရဲ့ (၅)ပွဲပယ်ပြစ်ဒဏ် အယူခံမှု ရီးယဲလ်အသင်း ရှုံးနိမ့်
(ဓာတ်ပုံ - အီးပီအေ)

ပြီးခဲ့တဲ့ စပိန်စူပါဖလားပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနှင့်ကစားခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်ဖြစ်သူကို တွန်းခဲ့တာကြောင့် (၅)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တိုက်စစ်မှူး စီရော်နယ်လ်ဒိုအတွက် ရီးယဲလ်အသင်းရဲ့ အယူခံမှုကို စပိန်ဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ကြောင်း သိရပါတယ်။

၎င်းပွဲစဉ်မှာ စီရော်နယ်လ်ဒိုက ဂိုသွင်းအပြီး အကျင်္ီချွတ်အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပြီး ပြိုင်ဘက် ဂိုးဧရိယာရှေ့မှာ ဟန်ဆောင်လဲချခဲ့သည်ဟိုဆိုကာ ဒုတိယ အဝါကဒ် ထပ်မံပြသသခံခဲ့ရတာကြောင့် ၂ဝါ ၁နီနဲ့ အထုတ်ခံရချိန်မှာ ဒိုင်ကို စောဒကတက်ကာ တွန်းပယ်ခဲ့သလိုဖြစ်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်တွေအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်က စီရော်နယ်လ်ဒိုကို အနီကတ်ပြစ်ဒဏ်အရ ၁ ပွဲပယ်ပြစ်ဒဏ်နှင့် ကွင်းလယ်ဒိုင်ကို တွန်းခဲ့တဲ့အတွက် လာလီဂါစည်းကမ်းထိန်းသိမ်းရေးရဲ့ စည်းမျဉ်း အပိုဒ် ၉၆ အရ (ကစားသမားတစ်ဦးက ဒိုင်လူကြီးကို တွန်းခြင်း၊ ဆွဲခြင်း၊ ဆွဲကိုင်လှုပ်ခြင်းများပြုလုပ်ခဲ့ပြီး ဒိုင်က ထို့အတွက် အစီရင်ခံခဲ့ပါက ၄ ပွဲမှ ၁၂ ပွဲအထိ ပွဲပယ်ခံရမည်ဖြစ်ကြောင်း ပါရှိ) (၄)ပွဲပယ်ပြစ်ဒဏ်၊ စုစုပေါင်း (၅)ပွဲပယ်ပြစ်ဒဏ်ကို တနင်္လာနေ့က ချမှတ်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ ပွဲပယ်ပြစ်ဒဏ်အားလုံး ကျခံရမှဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ၎င်းတို့ ဝက်ဘ်ဆိုက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုက ကော်မတီရဲ့ လုပ်ရပ်ကို ၎င်းရဲ့ Instagram အကောင်ကနေတစ်ဆင့် ပြစ်တင်ဝေဖန်သွားတယ်လို့ သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ အဆိုပါပြစ်ဒဏ်ကြောင့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စူပါဖလား ဒု-ကျော့ပွဲစဉ်အား လွဲချော်ခဲ့တဲ့အပြင် လာလီဂါ ပြိုင်ပွဲ ၄ပွဲဖြစ်တဲ့ ဒီပို့တီပို (အဝေး)၊ ဗလင်စီယာ (အိမ်)၊ လီဗန်တေး (အိမ်)နှင့် ဆိုစီဒက် (အဝေး)အား လွဲချော်ရတော့မှာဖြစပြီး စက်တင်ဘာ ၁၂နှင့် ၁၃ရက်များမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်များတွင်မှ ပြန်လည်ပါ၀င်နိုင်မှာဖြစ်ပါတယ်။

အဆိုပါ အနီကတ်ပြစ်ဒဏ်မှာ စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝမှာ (၁၀)ကြိမ်မြောက် အနီကတ်ပြစ်ဒဏ်ဖြစ်တယ်လို့ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly