တရားခံပြေးအား စစ်ဆေးရာမှ YBS ဘတ်စ်ကားပေါ်မှ လက်ကိုင်ဖုန်း ၅ လုံး နှိုက်ယူခဲ့မှု ပေါ်ပေါက်

တရားခံပြေးအား စစ်ဆေးရာမှ YBS ဘတ်စ်ကားပေါ်မှ လက်ကိုင်ဖုန်း ၅ လုံး နှိုက်ယူခဲ့မှု ပေါ်ပေါက်

ရန်ကုန်၊ သြဂုတ်လ ၁၆ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားလမ်းတွင် ဖမ်းဆီးရမိခဲ့သော တရားခံပြေးဖြစ်သူအား စစ်မေး ခဲ့ရာ YBS ဘတ်စ်ကားများပေါ်ရှိ ခရီးသည်များထံမှ လက်ကိုင်ဖုန်း ၅ လုံး နှိုက်ယူခဲ့မှု ထပ်မံပေါ်ပေါက်ခဲ့သဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ သြဂုတ်လ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တရားခံပြေးမှာ အောင်ငြိမ်းချမ်း (ခ) ငြိမ်းချမ်း (ခ) အောင်သူဆိုသူဖြစ်ပြီး လှိုင်သာယာမြို့နယ်ရဲ စခန်း တွင် အမှုဖွင့်ထားသည့် (ပ)၁ဝ၃၅/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အမှုမှ ထွက်ပြေးလွတ်မြောက်နေသူဖြစ်ပြီး သြဂုတ်လ ၉ ရက်၊ ညနေ ၄ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အောင်ငြိမ်းချမ်းဆိုသူမှာ မေလအတွင်း YBS ၆ ဘတ်စ်ကားပေါ် လိုက်ပါလာသော အမျိုးသားတစ်ဦး ထံမှ Coolpad ဖုန်းတစ်လုံး၊ YBS ၄၁ ပေါ် လိုက်ပါလာသူ အမျိုးသားတစ်ဦး ထံမှ Samsung ဖုန်းတစ်လုံးတို့အား နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ပြင် YBS အမှတ် ၆ ပေါ် ခရီးသည်အမျိုးသမီးတစ်ဦးထံမှ Huawei ဖုန်းတစ်လုံး၊ YBS ၆၇ ပေါ် အမျိုးသမီးတစ်ဦးထံမှ Oppo ဖုန်းတစ်လုံးနှင့် YBS အမှတ် ၆ ပေါ်အမျိုးသား တစ်ဦးထံမှ Coolpad ဖုန်းတစ်လုံး စုစုပေါင်း လက်ကိုင်ဖုန်းအမျိုးအစားစုံ ၅ လုံးအား နှိုက်ယူရောင်း ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်ကိုင်ဖုန်းများနှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အမှုမှ သက်သေခံပစ္စည်းများပြန်လည် သိမ်း ဆည်းခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် အမှုများအား အသီးသီး အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။ အဆိုပါ လက်ကိုင်ဖုန်းပိုင်ရှင်များကို ရဲတပ်ဖွဲ့မှ စုံစမ်းကာ ပိုင်ရှင်လေးဦးထံ ပြန်လည်ပေးအပ်နိုင်ခဲ့ပြီး ပြစ်မှု ကျူး လွန်ခဲ့သူ အောင်ငြိမ်းချမ်း (ခ) ငြိမ်းချမ်း (ခ) အောင်သူဆိုသူအား ယခင်ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် အတူ ဆက် လက်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly