စတုခ်စီးတီးတိုက်စစ်မှူး ဂျိုစီလူကို နယူးကာဆယ်အသင်းခေါ်ယူ

စတုခ်စီးတီးတိုက်စစ်မှူး ဂျိုစီလူကို နယူးကာဆယ်အသင်းခေါ်ယူ

သြဂုတ် ၁၆၊ အင်္ဂလန် ။              ။ နယူးကာဆယ်အသင်းသည် စတုခ်စီးတီးတိုက်စစ်မှူး ဂျိုစီလူကို ပြောင်းရွှေ့ကြေးပေါင် ၅ သန်းဖြင့် ၃ နှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဂျိုစီလူသည် ၂၀၁၅ ခုနှစ်က စတုခ်သို့ရောက်ရှိလာသူဖြစ်ပြီး ၂၇ ပွဲသာ ကစားခွင့်ရခဲ့ကာ လေးဂိုးသွင်းယူခဲ့သည်။ ပြီးခဲ့သည့်ရာသီက ဒီပို့တီဗိုအသင်းထံ အငှားသွားရောက်ကစားခဲ့ပြီး ပွဲ ၂၀ တွင် ငါးဂိုးသွင်းယူခဲ့သည်။

နယူးကာဆယ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်တွင် ဂျိုစီလူက “ကျွန်တော်အရမ်းပျော်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အရမ်းကို ကြီးကျယ်တဲ့အသင်းကို ပြောင်းလာရလို့ပါ။ နယူးကာဆယ်အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ရတာကို ပျော်ပါတယ်။ အရမ်းလည်း စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောသည်။

ထို့အပြင် ဂျိုစီလူက နယူးကာဆယ်အသင်းပိုင်ကွင်းကြီး၊ နယူးကာဆယ်မြို့၊ လေ့ကျင့်ရေးကွင်း၊ အသင်းဖော်သစ်များနှင့် ပရိသတ်များကို ရင်းနှီးခင်မင်လိုကြောင်း ဆိုသည်။

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ကလည်း ဂျိုစီလူကို ရီးယဲလ်အကယ်ဒမီမှာကတည်းက သိရှိကြောင်းဆိုခဲ့ပြီး ၎င်းမှာ အသင်းအတွက် ကောင်းမွန်သည့်ခေါ်ယူမှုဖြစ်ကြောင်းဆိုသည်။  ဂျိုစီလူမှာ ပရီးမီးယာလိဂ်အတွေ့အကြုံရှိသည့်အတွက် နယူးကာဆယ်အသင်းကို ပိုမိုကောင်းမွန်စေမည်ဟု ယုံကြည်ကြောင်းလည်း ဘင်နီတက်ဇ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly