ရီးယဲလ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ဂျီစီရိုဒရီဂွက်ဇ်ကို စတုခ်စီးတီးခေါ်ယူ

ရီးယဲလ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ဂျီစီရိုဒရီဂွက်ဇ်ကို စတုခ်စီးတီးခေါ်ယူ

သြဂုတ် ၁၆၊ အင်္ဂလန် ။            ။ စတုခ်စီးတီးအသင်းသည် ပီအက်စ်ဂျီအသင်းမှ ရီးယဲလ်တိုက်စစ်မှူးဟောင်း ဂျီစီရိုဒရီဂွက်ဇ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဂျီစီသည် ရီးယဲလ်အကယ်ဒမီမှ ပေါ်ထွက်လာသူဖြစ်သည်။ ရီးယဲလ်အသင်းကြီးအတွက် ၉၄ ပွဲ ပါ၀င်ကစားပေးခဲ့ပြီး ၁၈ ဂိုးသွင်းယူနိုင်ခဲ့သည်။ ရီးယဲလ်အသင်း ချန်ပီယံလိဂ်ဖလားရခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်အသင်းလူစာရင်းတွင်ပါ၀င်ခဲ့သူဖြစ်သည်။

ရီးယဲလ်တွင် ပုံမှန်ပွဲထွက်ခွင့်မရသည့်အတွက် ပုံမှန်ပွဲထွက်ခွင့်ရရန် ပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ သို့သော် ပီအက်စ်ဂျီတွင်လည်း ရုန်းကန်ခဲ့ရပြီး ယခုစတုခ်သို့ အငှားဖြင့်ရောက်ရှိလာခြင်း ဖြစ်သည်။

ဂျီစီရိုဒရီဂွက်ဇ်သည် ယခုနှစ်ရာသီတွင် စတုခ်စီးတီးအသင်း၏ ခြောက်ယောက်မြောက်ကစားသမားခေါ်ယူအားဖြည့်မှု ဖြစ်သည်။

“ပဲရစ်မှာ ကစားခဲ့ရတဲ့ ကာလတွေက ဂျီစီအတွက် ပျော်စရာမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ သူက လူငယ်အရွယ်သာ ရှိသေးပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသဖို့ စိတ်အားထက်သန်နေပါတယ်။ သူ့ရဲဗီဇက အဲ့ဒီလိုပြသနေပါတယ်။ ဂျီစီက ကျွန်တော်တို့အသင်းကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်” ဟု စတုခ်အသင်း၏ အမှုဆောင်အရာရှိ တွန်နီစခိုးလ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly