ပညာသင်​ဆု​လျှောက်​နိုင်​သည်​့ မီဒီယာသင်​တန်​း တတိယအကြိမ်​သင်​တန်​းသား​ခေါ်ယူ

ပညာသင်​ဆု​လျှောက်​နိုင်​သည်​့ မီဒီယာသင်​တန်​း တတိယအကြိမ်​သင်​တန်​းသား​ခေါ်ယူ

ရန်​ကုန်​၊သြဂုတ်​၁၆ ။           ။ ပညာသင်​ဆု​လျှောက်ထားနိုင်​သည်​့ သတင်​းမီဒီယာသင်​တန်​းတစ်​ခုအား မြန်​မာသတင်​း ပညာသိပ္ပံ(Myanmar Journalism Institute)မှ တတိယအကြိမ်​​မြောက်​သင်​တန်​းသားသစ်​များ စတင်​​ခေါ်ယူ​နေပြီဖြစ်​သည်​။

အဆိုပါသင်​တန်​းမှာ အချိန်​ပြည်​့ မာလ်​တီမီဒီယာသင်​တန်​းဖြစ်​ပြီး ရုပ်​သံ၊​ရေဒီယို၊ သတင်​းစာ၊ အွန်​လိုင်​း စသည်​့ မီဒီယာအမျိုးစားများအတွက်​ သင်​ကြား​ပေးသွားမည်​ဖြစ်​သည်​။

သင်​တန်​း​ကြေး(၁)နှစ်​စာ သိန်​း(၂၀)​ကျသင့်၍ ပညာသင်​ဆု​လျှောက်​ထားခွင်​့ရှိ​သော်​လည်​း သင်​တန်​း​​ကြေးအပြည်​့ဝကင်​းလွှတ်​ခွင်​့​ပါရှိမည်​မဟုတ်​​ကြောင်​း ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦးသီဟ​စောက​ပြောပြသည်​။

"အားလုံးFree Scholar​တော့မရှိဘူး သူကScholarship​လျှောက်​တဲ့လူက ရ၅ရာခိုင်​နူန်​းကင်​းလွှတ်​ခွင်​့ ရမယ်​ ၅သိန်​းက​တော့ အရစ်​ကျခွဲပြီးသွင်​းလို့ရတယ်​ ။ နယ်​ကလူနဲ့ ​နေစရာမရှိတဲ့လူ​တွေကို ​ဘော်​ဒါထား​ပေးမယ်​ ​နေစရာ၊ စားစရိတ်​အဲဒါ​တွေအလကား အဲ့ဒါ​တော့ရှိတယ်​"ဟု MJIသင်​တန်​းမှ ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦးသီဟ​စောက ဆိုသည်​။

ပထမအကြိမ်​ အချိန်​ပြည်​့မာတီလ်မီဒီယာသင်​တန်​းအတွက် သင်​တန်​း​ကြေးအပြည်​့အဝကင်းလွတ်​ခွင်​့ ရှိခဲ့သည်​။

အဆိုပါသင်​တန်​းမှဆင်​းလျှင်​ အလုပ်​အကိုင်​ရရှိရန်​အတွက်​ သင်​တန်​းမှအာမခံချက်​​​ပေးထားခြင်​းမျိုး မရှိ​ကြောင်​း ဦးသီဟ​စောမှ​ပြောသည်​။

"ငါတို့က​တော့အာမခံချက်​မ​ပေးဘူး။ ဒါ​ပေမယ်​့အ​ရှေ့ကသင်​တန်​း​တွေက ထွက်​သမျှလူ​တွေအကုန်​လုံးလိုလို အလုပ်​ရသွားတာပဲ ။ ဒါကိုတက်​ပြီး​တော့ သူတို့ Internship ဆင်​းရတာကိုး။ ပထမ​၆လပြီး တစ်​ခါ ဆင်​းရတယ်​ ။ ဒုတိယ ၆ လမှာ တစ်​ခါဆင်​းရတယ်​"ဟု MJIသင်​တန်​း၏ ဦး​ဆောင်​ညွှန်​ကြား​ရေးမှူး ဦးသီဟ​စောက​ပြောသည်​။

သင်​တန်​း​လျှောက်​လွှာများကို ယခုသြဂုတ်​လကုန်​​နောက်​ဆုံးထား​လျှောက်​ထားနိုင်​ပြီး သင်​တန်​းသား ဦး​ရေ(၂၀)ခန်​့​ကို​ခေါ်ယူသွားမည်​ဖြစ်​သည်​။

မြန်​မာသတင်​းပညာသိပ္ပံ(Myanmar Journalism Institute)ကို ၂၀၁၄ခုနှစ်​တွင်​စတင်​ဖွင်​့လှစ်​ခဲ့ပြီး ၎င်းသင်​တန်​းကို ပြည်​တွင်​းရှိ မီဒီယာအဖွဲ့များ၊ သတင်​းဌာနများမှ (၃၉)​ဦးပါဝင်​ပြီး UNESCO၊ ဂျာမန်​၊ ပြင်​သစ်​နှင်​့ ဆွီဒင်​နိုင်​ငံတို့မှ ​ထောက်​ပံ့​ပေးထားသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly