ဆစ်ဂတ်ဆန်ကို ကလပ်စံချိန်တင် ပေါင် ၄၅ သန်းဖြင့်ခေါ်ယူရန် အဲဗာတန်သဘောတူညီမှုရ

ဆစ်ဂတ်ဆန်ကို ကလပ်စံချိန်တင် ပေါင် ၄၅ သန်းဖြင့်ခေါ်ယူရန် အဲဗာတန်သဘောတူညီမှုရ

သြဂုတ် ၁၆၊ လီဗာပူးလ်။        ။ အဲဗာတန်အသင်းသည် ဆွမ်ဆီးကွင်းလယ်ကစားသမားဆစ်ဂတ်ဆန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၄၅ သန်းဖြင့်   ခေါ်ယူရန် သဘောတူညီမှုရသွားပြီဖြစ်သည်။

ယင်းအိုက်စလန်ကွင်းလယ်ကစားသမားသည် ပြီးခဲ့သည့်ရာသီက ၉ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်နိုင်ခဲ့ကာ ဆွမ်ဆီး အသင်းတန်းမဆင်းရအောင် ကူညီပေးနိုင်ခဲ့သည်။

အသက် ၂၇ နှစ်အရွယ်ကစားသမားမှာ ဂွတ်ဒီဆင်ပါ့ခ်တွင် ယနေ့ (ဗုဒ္ဓဟူး) တွင်ဆေးစစ်မှုခံယူမည်ဖြစ်သည်။ ဆစ်ဂတ်ဆန်၏ ပြောင်းရွှေ့ကြေးမှာ ၂၀၁၄ တွင် တိုက်စစ်မှူးလူကာကူကို အဲဗာတန်အသင်းခေါ်ယူစဉ်က ချယ်လ်ဆီးအသင်းထံပေးခဲ့ရသည့် ပေါင် ၃၁ ဒသမ ၈ သန်းကိုကျော်ပြီး အဲဗာတန်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးလည်းဖြစ်လာမည်ဖြစ်သည်။

ဆွမ်ဆီးအသင်းသည် လက်စတာအသင်း၏ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းမှုကိုပယ်ချပြီးနောက် ဇူလိုင်လအတွင်းတွင် ဆစ်ဂတ်ဆန်၏စျေးနှုန်းကို ပေါင်သန်း ၅၀ ဟု သတ်မှတ်ခဲ့သည်။

အဲဗာတန်၏ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ဖူးပြီး နောက်ဆုံးတွင်ပေါင် ၄၅ သန်းဖြင့်ရောင်းချရန်သဘောတူလိုက်ခြင်းဖြစ်သည်။ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပါက ဆစ်ဂတ်ဆန်၏အသင်းဟောင်း စပါးအသင်းသည် ပြောင်းရွှေ့ကြေး၏ ၁၀ ရာခိုင်နှုန်းကို ခံစားခွင့်ရရှိမည်ဟု သတင်းများကဖော်ပြနေကြသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly