ပြည်မြို့ ရဲတပ်ဖွဲ့အတွက် မြို့ခံ လူရွှင်တော်စိစိ အထူးကာကွယ်ရေးဝတ်စုံများ လှူဒါန်းမည်

ပြည်မြို့ ရဲတပ်ဖွဲ့အတွက် မြို့ခံ လူရွှင်တော်စိစိ အထူးကာကွယ်ရေးဝတ်စုံများ လှူဒါန်းမည်

ပြည်၊ သြဂုတ် ၁၆ ။                   ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် လုံခြံုရေးလှည့်ကင်းပတ်ကင်းများ ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များအတွက် ၀တ်စုံတစ်ထည် လျှင် (၁၁၀၀၀) သောင်းတစ်ထောင် ကျပ်တန် အထူးကာကွယ်ရေး ဝတ်စုံ ၁၀ ထည် လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့ခံလူရွှင်တော်တစ်ဦးဖြစ်သူ ကိုစိစိက သြဂုတ်လ ၁၅ ရက်တွင် ပြောသည်။

“မှုခင်းထိန်းသိမ်းရေးအဖွဲ့တွေမှာ ပစ္စည်းတွေ မပြည့်စုံတာများတယ်။  အဲဒါလေးတွေ လှူမယ်ဆိုပြီး စိတ်ကူးနဲ့ မှာထားတာကြာပါပြီ။  ကျွန်တော့ရဲ့မွေးရပ်မြေအတွက် တတ်နိုင်သလောက် လှူဒါန်းတဲ့သဘောပါ”ဟု လူရွှင်တော်စိစိက ဆိုသည်။

သြဂုတ်လ ၁၉ ရက် နှင့် ၂၀ ရက်တွင် ပြည်မြို့နယ် တည်ငြိမ်သာယာရေး အထောက်အကူပြု အဖွဲ့ ရံပုံငွေ ဘောလုံးပြိုင်ပွဲ အဖြစ် အနုပညာရှင်များအသင်း နှင့် ပြည်မြို့ခံဘောလုံးအသင်းများ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်သည်။

၄င်းပြိုင်ပွဲတွင် ပါ၀င်ကစားရန် လူရွှင်တော်စိစိ ပြည်မြို့သို့ လာရောက်မည်ဖြစ်ပြီး  အထူးကာကွယ်ရေးဝတ်စုံ လှူဒါန်းပေးအပ်ပွဲကို သြဂုတ် ၂၀ ရက် မနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly