စပိန်စူပါဖလားမှာ ဘာစီလိုနာအသင်း ပြန်လာနိုင်ကြောင်း နည်းပြ ဗယ်လ်ဗာဒီ အခိုင်အမာပြောဆို

စပိန်စူပါဖလားမှာ ဘာစီလိုနာအသင်း ပြန်လာနိုင်ကြောင်း နည်းပြ ဗယ်လ်ဗာဒီ အခိုင်အမာပြောဆို
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ၎င်းတို့အသင်းဟာ စပိန်စူပါဖလား ပထမအကျော့ အိမ်ကွင်းမှာ ရှုံးနိမ့်သွားပေမယ့် ဖလားကို ဆွတ်ခူးဖို့ အခွင့်အရေးရှိနေသေးကြောင်း အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်က တနင်္ဂနွေနေ့က နူးကမ့်ကွင်းမှာ ဘာစီလိုနာကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗယ်လ်ဗာဒီကတော့ ပြိုင်ပွဲမှာ ၎င်းရဲ့အသင်း ရှိနေသေးကြောင်း ပြောပါတယ်။

"ကျနော်တို့ရဲ့ စိတ်ကူးအကြံအစည်ဟာ ကစားပွဲကို အနိုင်ရဖို့နှင့် ဖလားကို ရယူဖို့ပဲဖြစ်ပါတယ်။ ဒါက ခက်ခဲမယ်ဆိုတာ ကျနော် သိထားပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒီပွဲအတွက် ရှုံးနိမ့်ဖို့ လာတာ မဟုတ်ပါဘူး။"လို့ မက်ဒရစ်မှာ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြက ပြောဆိုခဲ့ပါတယ်။

"ကျနော်တို့ ပထမအကျော့ ပွဲစဉ်အတွင်း ကောင်းကောင်း ကစားခဲ့တယ်။ ဒါပေမယ့် အဆုံးမှာ ကျနောတို့  ပြိုင်ဘက်အသင်းကို ဖလားအတွက် အခွင့်အရေး ဖွင့်ပေးလိုက်သလိုဖြစ်တာကြောင့် ဒီပွဲဟာ အဆုံးအဖြတ်ဖြစ်စေခဲ့ပါတယ်။"လို့ နည်းပြ ဗယ်လ်ဗာဒီက တနင်္ဂနွေနေ့ ပွဲကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗယ်လ်ဗာဒီက ၎င်းဟာ လာမယ့် တနင်္ဂနွေမှာ လာလီဂါအဖွင့်ပွဲစဉ် ရီးယဲလ်ဘက်တစ်နှင့် ကစားဖို့ရှိပေမယ့် ဒုတိယအကျော့မှာ အဓိက ကစားသမားအချို့ အနားပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ပွဲစဉ်အတွက် လူစာရင်းဟာ ပြိုင်ပွဲအနိုင်ရဖို့ အဓိကကျကြောင်း ဗယ်လ်ဗာဒီက ဆိုပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags