UEFA အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ဘူဖွန်၊ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ ပါဝင်

UEFA အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ဘူဖွန်၊ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ ပါဝင်
(ဓာတ်ပုံ - UEFA)

UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် (၃)ဦးစာရင်းကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာ အီတလီဂိုးသမား ဘူဖွန်(ဂျူဗင်တပ်စ်)၊ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ (ဘာစီလိုနာ)နှင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို(ရီးယဲလ်)တို့ ပါ၀င်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဆန်ခါတင် (၃)ဦးစာရင်းကို ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် အုပ်စုမှာ ပါဝင်တဲ့ အသင်းတွေရဲ့ နည်းပြ (၈၀)ဦးနှင့် UEFA ရဲ့ အဖွဲ့အစည်းများ အဖွဲ့အဝင်တစ်ခုချင်းစီမှ အားကစား ဂျာနယ်လစ် (၅၅)ဦးတို့မှ မဲဖြင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

နည်းပြတွေဟာ ၎င်းတို့ရဲ့ ကစားသမားတွေအတွက် မဲပေးပိုင်ခွင့်မရှိပေ။

ဆန်ခါတင် (၃)ဦးစာရင်းထဲ မဝင်ရောက်နိုင်တဲ့ အခြားမဲအများဆုံးရရှိတဲ့ ကစားသမားအချို့စာရင်းမှာ မိုဒရစ် (ရီးယဲလ်)၊ တိုနီကရူးခ် (ရီးယဲလ်)၊ ဒိုင်ဘာလား (ဂျူဗင်တပ်စ်)၊ ရာမို့စ် (ရီးယဲလ်)၊ အမ်ဘတ်ပီ (မိုနာကို)၊ လီဝန်ဒေါ့စကီး (ဘိုင်ယန်မြူးနစ်)နှင့် အီဘရာဟီမိုဗစ်(မန်ယူ)တို့ ဖြစ်ပါတယ်။

၎င်းဆုကို ၂၀၁၁ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး မက်ဆီက (၂)ကြိမ်၊ စီရော်နယ်လ်ဒို (၂)ကြိမ်၊ အင်နီယေစတာနှင့် ရီဘာရီတို့က (၁)ကြိမ်စီ ဆွတ်ခူးထားပါတယ်။

လက်ရှိ အကောင်းဆုံးဆုရှင်မှာ ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်လ်ဒို ဖြစ်ပြီး အခုအချိန်မှာလည်း ဒီဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

စီရော်နယ်လ်ဒိုသာ ဆွတ်ခူးနိုင်ခဲ့ပါက UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို (၂)နှစ်ဆက် ရရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါလိမ့်မယ်။

UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးမယ့်သူအား ချန်ပီယံလိဂ် အုပ်စုပွဲ မဲခွဲမယ့် သြဂုတ်(၂၄)ရက်မှာ ကြေညာသွားမှာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags