ပထမဆုံး အကြိမ် Miss Universe Dawei 2015 ပြိုင်ပွဲ သြဂုတ် ၁၄ တွင်ပြုလုပ်မည်

ပထမဆုံး အကြိမ် Miss Universe Dawei 2015 ပြိုင်ပွဲ သြဂုတ် ၁၄ တွင်ပြုလုပ်မည်

ရန်ကုန် ၊ သြဂုတ် ၁၀ ။         ။ ထားဝယ်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်မည့် Miss Universe Dawei 2015 ပြိုင်ပွဲကို သြဂုတ် ၁၄ရက်တွင် ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ဆိပ်ကမ်းသာ လမ်းထောင့်ရှိ Royal Palace Hall ၌ ကျင်းပ ပြုလုပ် သွား မည် ဖြစ်ကြောင်း Miss Universe Dawei 2015 ဖေ့စ်ဘွတ် စာမျက်နှာတွင် ကြေညာ ထားသည်။

ပြိုင်ပွဲဝင်များ အနေဖြင့် မြန်မာဝတ်စုံ ၊ ညနေခင်း ဝတ်စုံ ၊ ကိုယ်ခန္ဓာအလှပြ ဝတ်စုံအတို တို့ဖြင့် ယှဉ်ပြိုင် ရမည် ဖြစ်ပြီး ပြိုင်ပွဲဝင်များ ဝတ်ဆင်မည့် ဝတ်စုံ နှင့် မိတ်ကပ်များကို ဒေါ်ထက်နုနုရှိန် နှင့် ဦးချိုကြီး တို့မှ ပံ့ပိုး ကူညီ ပေးမည် ဖြစ်သည်။

ထိုပြိုင်ပွဲတွင် Miss Universe Dawei 2015 အဖြစ် ရွေးချယ် ခံရသူသည် ဆုငွေ ကျပ် ၁၀သိန်း နှင့် ၅သိန်းတန် ဆု လက်ဆောင် ၊ 1st runner up အဖြစ် ရွေးချယ် ခံရသူသည် ကျပ် ၈သိန်း နှင့် ဆုလက်ဆောင် ၊ 2nd  runner up ရရှိသူသည် ဆုငွေ ကျပ် ၅သိန်း နှင့် ဆုလက်ဆောင်တို့ ရရှိမည် ဖြစ်သည်။ တခြား Title ဆု များ အတွက် ဆုငွေ ကျပ် ၂သိန်း နှင့် ဆုလက်ဆောင်များ ရရှိမည် ဖြစ်သည်။

ပြိုင်ပွဲဝင်တွင် Miss Famous (or) Miss Popular ဆု အတွက် Miss Universe Dawei ဖေ့ဘုတ် စာမျက်နှာတွင် တင်ထား သည့် Miss တစ်ဦး ချင်းဆီ၏ ဓာတ်ပုံ အောက်တွင် Like and Share အများ ဆုံး ဖြစ်ရမည် ဖြစ်ပြီး  ပြိုင်ပွဲနေ့ တွင် ပရိသတ် လက်ခုတ်သံ အားပေးသံ အများဆုံး ဖြစ်ရမည်။ ပြိုင်ပွဲမပြိုင်ခင် Training Time များတွင် နည်းပြ ဆရာ နည်းပြ ဆရာမများ၏ သင်ကြား ပြသမှုတိုင်းကို မရှက် မကြောက် လေ့ကျင့်ပြီး ဆရာ ဆရာမများ၏ ကြိုက် နှစ်သက်မှု အများဆုံး ဖြစ်ရမည် စသည့် အချက်တွေ အပေါ် မှုတည်ပြီး Miss Famous (or) Miss Popular ဆုကို ချီးမြှင့် ပေးမည် ဖြစ်သည်။

လက်ရှိတွင် Miss Universe Dawei 2015 ပြိုင်ပွဲ အတွက် ဆန်ကာတင် အလှမယ် အယောက် ၂၀ ရွေးချယ် ထားပြီး ဖြစ်သလို Miss Universe Dawei 2015 အဖြစ် ရွေးချယ်ခြင်း ခံရသူသည် ရန်ကုန်မြို့ တွင် ကျင်းပ ပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲသို့ ထားဝယ်မြို့ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

ပြိုင်ပွဲတွင် ဖျော်ဖြေရေး အစီအစဉ် အနေဖြင့် အဆိုတော် ခိုင်မြဲသာ ၊ ရဲရင့်အောင် ၊ သားလေး နှင့် မော်ဒယ် ထွန်းကိုကို ၊ ဟန်သီ တို့မှ ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။ လက်မှတ်များကို VIP တစ်စောင် လျှင် ကျပ် တစ်သောင်းခွဲ ၊ ရိုးရိုး လက်မှတ်ကို ကျပ် တစ်သောင်း ၊ ငါးထောင် ဖြင့် သတ်မှတ် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly