ရေဒီယိုအစီအစဉ်တက်ဆက်သူနှင့် တရားခွင်၌ ရင်ဆိုင်နေသောအမှုတွင် တေလာဆွစ်အနိုင်ရရှိ

ရေဒီယိုအစီအစဉ်တက်ဆက်သူနှင့် တရားခွင်၌ ရင်ဆိုင်နေသောအမှုတွင် တေလာဆွစ်အနိုင်ရရှိ

လွန်ခဲ့သော ၂၀၁၃ခုနှစ်က ဖျော်ဖြေပွဲတစ်ခု၌ သူမကို အသားယူခဲ့သည့် ရေဒီယိုအစီအစဉ်တက်ဆက်သူ ဒေးဗစ်မူလာနှင့် တရားရုံး၌အကြိတ်အနယ် ယှဉ်ပြိုင်နေသော လိင်ပိုင်းဆိုင်ရာ စော်ကားသည့်အမှုတွင် ပေါ့ပ်အဆိုတော်တေလာဆွစ်က အနိုင်ရရှိခဲ့သည်။

မူလာသည် တေလာဆွစ်နှင့် ဓာတ်ပုံတွဲရိုက်ခဲ့စဉ်တွင် စကတ်အောက်မှ သူမ၏တင်သားကို ကိုင်ညှစ်ခဲ့သည်မှာ ထင်ရှားသောကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု   ကော်လိုရာဒိုပြည်နယ်ရှိ ဒန်ဗာ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့သည်။

တေလာဆွစ်သည် တရားခွင်၌ အနိုင်ရရှိခဲ့သောကြောင့် သူမတောင်းဆိုထားသည့် နစ်နာကြေး တစ်ဒေါ်လာကို ရရှိခဲ့သည်။

မူလက မစ္စတာမူလာသည် ဆွစ်ကို တရားစွဲဆိုရန် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး သူမကြောင့် သူ၏ဝင်ငွေကောင်း သော အလုပ်ပြုတ်ခဲ့ရသည့်အတွက် နစ်နာကြေးရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဂျူရီ တရားသူကြီးများက မစ္စတာမူလာသည် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

ဂျူရီအဖွဲ့၏ဆုံးဖြတ်ချက်ကို ဖတ်ကြားနေသည့်အချိန်တွင် ဆွစ်သည် သူမ၏မိခင်ကို ဖက်ကာငိုကြွေးနေခဲ့ပြီး တရားရုံးထဲမှ ထွက်ခွာသွားချိန်၌ ဂျူရီလူကြီးများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မရဲ့ ရည်ရွယ်ချက်က တရားရုံးမှာ သူတို့ရဲ့ဖွင့်ဟချက်တွေကို လာရောက်လျှောက်လဲချင်သူတွေကို အကူအညီပေးနိုင်ဖို့ပါ။ ဒါကြောင့် မကြာခင်အချိန်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ   စော်ကားခံရတဲ့သူတွေကို တရားခွင်မှာ အမှုရင်ဆိုင်နိုင်အောင် အကူအညီပေးနေကြတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးလှူဒါန်းသွားဖို့ အစီအစဉ်ရှိပါတယ်” ဟု တေလာဆွစ်က ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly