မန္တလေးနည်းပညာတက္ကသိုလ်ဆရာများ ဖဲကြိုးပြာလှုပ်ရှားမှု အရှိန်မြှင့်ဆောင်ရွက်

မန္တလေးနည်းပညာတက္ကသိုလ်ဆရာများ ဖဲကြိုးပြာလှုပ်ရှားမှု အရှိန်မြှင့်ဆောင်ရွက်

မန္တလေး၊ သြဂုတ် ၁၄ ။           ။ နည်းပညာတက္ကသိုလ်(မန္တလေး)မှ ဆရာ၊ ဆရာမများသည် ဖဲကြိုးပြာလှုပ်ရှားမှုကို အရှိန်မြင့်လုပ်ဆောင်နေသည်ဟု သြဂုတ်လ ၁၄ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်က ၎င်းကျောင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဆရာ/ဆရာမများက ပြောသည်။

ဆရာ/ဆရာမများအနေဖြင့် လက်ရှိထွက်လာသည့် ရာထူးတိုးအတွက် စားမေးပွဲဖြေဆိုရမည်ဟု ထွက်လာသည့် မူဝါဒကို မကြိုက်ခြင်းကြောင့် ဖဲကြိုးပြာလှုပ်ရှားမှုကို အရှိန်မြှင့်တင်   ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆရာ/ဆရာမများကဆိုသည်။

ဆရာမ ဒေါ်ယုယုမွန်က "အဓိက ကညီမျှတဲ့ မူဝါဒချပေးဖို့ပါ။ လုပ်သက်တွေ အများကြီးနဲ့ ပေးဆပ်ခဲ့ကြတယ်။ ရပိုင်ခွင့် ရာထူးကမျှော်လင့်မရဘူး။"ဟုပြောသည်။

သရုပ်ပြ၊ လ/ထ ကထိက ဒေါ်ယဉ်ဝေလွင်က "အခုလှုပ်ရှားမှုက ရာထူးတိုးပေးဖို့တစ်ခုတည်းအတွက်လုပ်တာမဟုတ်ဘူး။ အားလုံးတပြေညီညီနဲ့ ညီမျှတဲ့မူဝါဒတစ်ရပ်ချမှတ်ပေးဖို့ အတွက်ပဲ။"ဟုပြောသည်။

လုပ်သက် ၁၆ နှစ်ရှိ သရုပ်ပြဆရာ ဦးအောင်သိုက်က"လုပ်သက်နဲ့မျှတဲ့ ရာထူးမျိုးတွေ လိုလားပါတယ်။"ဟုပြောသည်။

နည်းပညာတက္က္တသိုလ်(မန္တလေး)မှ သရုပ်ပြ၊လ/ထ ကထိက ဆရာ၊ ဆရာမ ၈၅ ဦးက ၂၀၁၅ခုနှစ်မှ ၂၀၁၇ခုနှစ်၊ မတ်လ ၃ရက် အထိ လေးကြိမ်အထိ ရာထူးတိုးလျှောက်ထားခဲ့ကြရာ ယနေ့အချိန်ထိ သက်ဆိုင်ရာဌာနများမှ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခဲ့ခြင်းမရှိဘဲ ၂၀၁၇ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့က ရာထူးတိုးစာမေးပွဲဖြေရမည်ဟု သက်ဆိုင်ရာဌာနက စာထွက်လာခြင်းအပေါ် ဆရာ၊ ဆရာမများက မကျေနပ်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းဆရာ/ဆရာမများကဆိုသည်။

ညီမျှသည့် ရာထူးတိုးမူဝါဒ ချမှတ်ပေးရေးကို အမြန်ဆုံးလိုလားသည်ဟုလည်း ဆရာ၊ဆရာများကဆိုသည်။

လက်ရှိ နည်ပညာတက္ကသိုလ်(မန္တလေး)တွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သက်ရှိ ဆရာ၊ ဆရာမများအနေဖြင့် ယခင်ရာထူးတိုး လျှောက်ထားခြင်းကြောင့် ရာထူးတိုးစာမေးပွဲကို လုံးဝ ဝင်ရောက်ဖြေဆိုသွားမည် မဟုတ်ကြောင်း ဆရာ၊ ဆရာမများက သတင်းစာရှင်းလင်းပွဲတွင် ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly