လူကာကူဟာ ဂိုးတွေသွင်းယူဖို့ ဖိအားအောက်မှာ မရှိဘူးလို့ နည်းပြ မော်ရင်ဟို ပြောဆို

လူကာကူဟာ ဂိုးတွေသွင်းယူဖို့ ဖိအားအောက်မှာ မရှိဘူးလို့ နည်းပြ မော်ရင်ဟို ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

ရိုမီလူ လူကာကူဟာ ဒီရာသီပရီးမီးယားလိဂ် ပွဲဦးထွက် ဝက်စ်ဟမ်းနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့  ပထမရာသီမှာ သူဟာ ဂိုးတွေသွင်းယူဖို့ ဖိအားအောက်မှာ ရှိမနေဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။

အဲဗာတန်မှ ပေါင် ရ၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ လူကာကူဟာ တနင်္ဂနွေနေ့က  မန်ယူရဲ့ လိဂ်ပွဲ အဖွင့်ပွဲစဉ်မှာ ပထမ ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့သလို မော်ရင်ဟိုရဲ့ အသင်းဟားတွေဟာ အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ ဝက်စ်ဟမ်းကို အနိုင်ရခဲ့ပါတယ်။

"စူပါဖလားလုပွဲမှာ သူ ဂိုးသွင်းခဲ့တယ်။ ဒီနေ့မှာလည်း သွင်းယူနိုင်ခဲ့တယ်။ သူဟာ ကောင်းမွန်စွာ ကစားနေပြီး အလုပ်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။ ဘယ်တိုက်စစ်ကစားသမားအတွက်မဆို သူတို့ဟာ အလွန်ထူးခြား ကောင်းမွန်အောင် ကစားနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဂိုးတွေ မသွင်းနိုင်ခဲ့ဘူးဆိုရင်တော့ သူတို့အပေါ် ဖိအားတွေ ကျရောက်ပါလေရော။"လို့ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။

လူကာကူဟာ ဥရောပစူပါဖလားမှာ တစ်ဂိုးသွင်းခဲ့ပြီး ရီးယဲလ်အသင်းကို ရှုံးခဲ့ပေမယ့် သူဟာ ကလပ်အသင်းအတွက် ပွဲနှစ်ပွဲကစား ၃ ဂိုးထိ သွင်းထားနိုင်ပါတယ်။

"ဒါပေမယ့် ဒီနေ့ဟာ ကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် ပထမဂိုးဟာ အလွန်ထိရောက်မှု ရှိခဲ့ပါတယ်။ နောက်ဆုံးတော့ ဖိအားတွေ မရှိဘူးဆို သူသိမှာပါ။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags