အဲဗာတန်အတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ရွန်နီအလွန်ဝမ်းမြောက်နေ

အဲဗာတန်အတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ရွန်နီအလွန်ဝမ်းမြောက်နေ

သြဂုတ် ၁၃၊ အင်္ဂလန် ။            ။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် အဲဗာတန်အသင်းက စတုခ်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အနိုင်ဂိုးသွင်းယူ ပေးနိုင်ခဲ့သည့်အတွက် ရွန်နီမှာ အလွန်ဝမ်းမြောက်လျက်ရှိနေသည်။

ရွန်နီသည် အဲဗာတန်အသင်းမှ မန်ယူသို့ ထွက်ခွာသွားခဲ့ပြီး ယခု ၁၃ နှစ်အကြာတွင် ဂူဒစ်ဆင်ပါ့ခ်ကွင်း၌ အဲဗာတန်အတွက် ပထမဆုံးဂိုးပြန်လည်သွင်းယူနိုင်ခြင်း ဖြစ်သည်။ ပထမပိုင်းပြီးခါနီးတွင် ကယ်ဗက်လီဝန်၏ဖြတ်တင်ဘောကို ရွန်နီက ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

 “ပုဂ္ဂိုလ်ရေးအရပြောရမယ်ဆိုရင် ဂူဒစ်ဆင်ပါ့ခ်ကွင်းမှာ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အတွက် အရမ်းကို ၀မ်းသာပါတယ်။ ကျွန်တော့်အတွက်တော့ တကယ်ကိုထူးခြားတဲ့ အခိုက်အတန့်ပါပဲ။ စိတ်ဓာတ်အလွန်တက်ကြွစေသလို အရမ်းလည်း စိတ်ကြည်နူးစေပါတယ်။

လေ့ကျင့်ရေးကွင်းကို ပထမဆုံးအကြိမ် ပြန်ရောက်ကတည်းက အိမ်ကို ပြန်ရောက်သလို ခံစားခဲ့ရတာပါ။ ဒီအခြေအနေကို အချိန်အကြာကြီး ဆက်လက်ထိန်းသိမ်းသွားလိုပါတယ်” ဟု ရွန်နီက ပြောဆိုခဲ့သည်။

ထိုဂိုးမှာ ရွန်နီအတွက် ၁၉၉ ဂိုးမြောက် ပရီးမီးယားလိဂ်သွင်းဂိုး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags