ပြုန်းတီးလာခဲ့သည့် စာအုပ် အငှားဆိုင်များ

ပြုန်းတီးလာခဲ့သည့် စာအုပ် အငှားဆိုင်များ

လွန်​ခဲ့သည်​့ နှစ်အနည်​းက ပခုက္ကူမြို့၏ ရပ်​ကွက်​တိုင်​းတွင်​ စာအုပ်​အငှားဆိုင်​များ ရှိခဲ့ကြသည်​။ယင်​း စာအုပ်​အငှားဆိုင်​များသည်​ ငှားရမ်​းဖတ်​ရှုသူ စာ​ပေ ဝါသနာရှင်​များနှင်​့ စည်​ကားသိုက်​မြိုက်​ခဲ့ကြသည်။

စာအုပ်​အငှားဆိုင်​များမှ သုတ၊ရသ စာအုပ်များ မဂ္ဂဇင်​း၊ ဝတ္ထုစာအုပ်​၊ ကာတွန်​းစာအုပ်​များအား စာ​ပေဝါသနာရှင်​များ​ ငှားရမ်​းဖတ်​ရှု​ခဲ့ကြသည်​။ အဆိုပါစာအုပ်​အငှားဆိုင်​များသည်​ စာဖတ်​ဝါသနာပါသူများအတွက် ​အငှားပြုလုပ်​​ပေးထားသည်​့ ဘဏ္ဍာတိုက်​ကြီးဆိုလျှင်လည်း မမှား။

လက်​ရှိအချိန်​တွင်​ ​ခေတ်ကာလ တစ်​ခုအား​ကျော်​ဖြတ်​ရင်​း ယင်း​စာအုပ်အငှား​​ဆိုင်​များမှာ တဖြည်းဖြည်းပျောက်​ကွယ်​စပြုခဲ့ပြီဖြစ်​သည်​။

"​အရင်​က ရပ်​ကွက်​တိုင်​း လမ်​းတိုင်​းလိုလို စာအုပ်​အငှားဆိုင်​​တွေရှိကြတယ်​။ ခုတော့ တစ်​မြို့လုံး​ပေါင်​း မှ ၂ဆိုင်​​လောက်​ပဲ မြင်​​တွေ့ရ​တော့တယ်​"ဟု စာဖတ်​သူတစ်​ဦးက ​ပြောသည်​။

လက်ရှိကာလတွင် ​​စာအုပ်​ငှားကာ ဖတ်​ရှုနိုင်​သည်​့ အငှားစာအုပ်​ဆိုင်​အချို့အ​နေဖြင်​့ စီးပွား​ရေးအရ မ​ပြေလည်​မှုများ​ရှိသဖြင်​့ ပိတ်​သိမ်​းကြရသည်များလည်း ရှိသည်။ သို့သော် တစ်ချို့ဆိုင်တွေက အရှုံးပေါ်သော်လည်း ၀ါသနာအရင်းခံကာ ကြံ့ကြံ့ခံရပ်တည်နေသည်များလည်း ရှိသေးသည်။

"လက်​​ရှိအချိန်​အထိ ရပ်​တည်​​နေတဲ့ စာအုပ်​အငှား​ဆိုင်​ ပိုင်​ရှင်​တွေက သူတို့ကိုယ်​တိုင်​ စာ​ပေ ဝါသနာရှင်​​တွေဆို​တော့ ဒီစာအုပ်​ဆိုင်​​တွေကို အရှုံးခံပြီး ရပ်​တည်​​နေကြတယ်။သူတို့လည်​းဖတ်​ ကြတယ်​။ စာဖတ်​သူ​တွေလည်​း ဖတ်​​စေချင်​၊ဖတ်​ချင်​တဲ့ စာအုပ်​တိုက်​​တွေကို မှာ​ပေးကြတယ်​၊ဒါက သူတို့ရဲ့ စာ​​ပေချစ်​စိတ်​လို့မြင်​မိတယ်​"ဟု စာ​ပေဝါသနာရှင်​ ကိုသန်​းနိုင်​ကဆိုသည်​။

၂၀၁၂ ခုနှစ်​​နောက်​ပိုင်​း အင်​တာနက်​ကို လူသုံးများလာသည်​့ အချိန်​မှစ၍ စာအုပ်​ငှားရမ်​းဖတ်​သူများ သိသိသာသာ​လျော့နည်​းလာခဲ့ခြင်​းဖြစ်​သည်​ဟု စာအုပ်အငှားဆိုင်အချို့က အပြောင်းအလဲကို သုံးသပ်ကြသည်။ ခုတော့ စာအုပ်ငှားသူ ကျဲပါးကုန်လေပြီ။

"အရင်​က​တော့ စာအုပ်​လာငှားတဲ့လူလည်​း ​ပေါတယ်​။ခု​တော့ တ​စ်နေ့​နေမှ ရ​ယောက်​ ၈​ယောက်​ပဲ လာငှားကြတယ်​"ဟု စာအုပ်အငှားဆိုင် သက်တမ်း ၁၆ နှစ်နီးပါးရှိ​​ေ​​​​နသည်​့ ပခုက္ကူမြို့ နဂါးစာအုပ်​အငှားဆိုင်​ပိုင်​ရှင်​က ဆိုသည်​။

စာအုပ်​ငှားရမ်​းဖတ်​ရှုသူ နည်​းပါးသဖြင်​့ စာအုပ်​ဆိုင်​အား ပိတ်​သိမ်​းလို​သော်​လည်​း စာ​ပေအ​ပေါ်ထားရှိသည်​့ သံ​ယောဇဉ်​ ကြောင်​့ အခြားစီးပွား​ရေးတစ်​ခုဖြင်​့ တွဲဖက်​ကာ ဆက်လက်ရပ်တည်​နေ​ရခြင်​း ဖြစ်​သည်​ဟု ဆိုသည်​။

"ဆိုင်​မှာက လက်​ရှိအချိန်​အထိ စာအုပ်​​တွေက စုံတယ်​။ အသစ်​​တွေလည်​း ဝယ်​လို့ရသမျှတင်​ထားတယ်​။ဒါ​ပေမယ်​့ စာအုပ်​အငှားဆိုင်အ​နေနဲ့ ရပ်​တည်​မရ​တော့ ဖုန်​း​ငွေဖြည်​့ကဒ် တွဲ​ရောင်​းပြီး ရပ်​တည်​​နေရတယ်​"ဟု နဂါးစာအုပ်​အငှားဆိုင်​ပိုင်​ရှင်​က ၎င်း၏ ရပ်​တည်​ချက်​ကို ဖွင်​့ဟသည်​။

အင်​တာနက်​ ​ခေတ်​သို့​ရောက်​ရှိလာ​သောအခါ အင်​တာနက်​​ပေါ်ရှိ စာအုပ်​များအား Links မှတဆင်​့ ဒေါင်းလုတ် ပြုလုပ်​ကာ အလွယ်​တကူ ရရှိနိုင်​ပြီဖြစ်​သည်​။

"အင်​တာနက်​​က ​ ဒေါင်းလုတ် လုပ်​လို့မရတဲ့ စာအုပ်​​တွေ ရှိမှ ဆိုင်​လာပြီး ​မွှေ​နှောက်​ရှာကြတာ၊ပြီး​တော့ ဒီဘက်​​ခေတ်​မှာ ​ဖေ့စ်​ဘွတ်​ လည်​း လူအသုံးများ​နေ​တော့ အရင်​က​လောက်​ စာအုပ်​မငှားရ​တော့ တာက အမှန်​ပဲ"ဟု စာအုပ်ဆိုင်ပိုင်ရှင်က ဆက်​​ပြောသည်​။

အင်​တာနက်​​ကြောင့် ဖတ်​ရှုလိုသည်​့ စာအုပ်​များအား လွယ်​ကူစွာ ရှာ​ဖွေ၍ ဒေါင်းလုတ် လုပ်ပြီး ဖတ်​ရှုနိုင်​​သော်​လည်​း ဖုန်​းနှင်​့ကွန်​ပြူတာ အသုံးပြုရသဖြင်​့ ဆိုးကျိုးများလည်​း ရှိ​နေသည်ဟု စာဖတ်​သူတစ်​ဦးက ဆိုသည်​။ သူတို့ကတော့ စာအုပ်စစ်စစ်ကိုမှ ကိုင်တွယ်ဖတ်ရှုလိုသူတွေ ဖြစ်သည်။

"ဘာပဲပြော​ပြော အင်​တာနက်​က ဒေါင်းလုတ် လုပ်​ထားတဲ့ စာအုပ်​​တွေက အပြင်​မှာ စာအုပ်​ကိုင်​ပြီး ဖတ်​ရတာနဲ့မတူဘူး။ ဒေါင်းလုတ် လုပ်​ထားတဲ့ စာအုပ်​​တွေ ဖတ်​ရတာက ဖုန်​း ဒါမှမဟုတ်​ ကွန်​ပြူတာ အသုံးပြုရတဲ့အတွက် သူတို့ရဲ့ အလင်​းပြန်​မှု​တွေက ကြာ​တော့ ​​ မျက်​လုံးထိခိုက်​လာတယ်​။ပြီး​တော့ ​စာဖတ်​ရတဲ့အရသာ​တွေလည်​း ကွာခြားပါတယ်​"ဟု စာ​ပေဝါသနာရှင်​တစ်​ဦးဖြစ်​သည်​့ ကိုထက်​ ဆိုသူက ပြောသည်​။

ယ​နေ့​ခေတ်​ တွင်​​ခေတ်​စား​နေသည်​့ နည်​းပညာရပ်​များ ၏ ဆိုးကျိုးတစ်​ရပ်​အ​နေဖြင်​့ ​နောင်​​ခေတ်​လူငယ်​များ အ​နေဖြင်​့ ​ကျောင်​းသင်​ခန်​းစာ စာအုပ်​များမှ အပ သုတ၊ရသ စာအုပ်​များ ​လျှစ်​လျူရှုလိုက်​မည်​ကို စိုးရိမ်​မိ​ကြောင်​းလည်​း ၎င်းက ဆိုသည်​။

"​နောင်​​ခေတ်​လူငယ်​​တွေ စာအုပ်ဆိုတဲ့အရာကို မမြင်​ဘူးမှာကို စိုးရိမ်​စရာဖြစ်​နေတယ်​​။ပြီး​တော့ စာအုပ်​အငှားဆိုင်​​တွေ ရှိခဲ့တယ်​ဆိုတာလည်​း သူတို့ အတွက်​ ပုံပြင်​တစ်ပုဒ်​ ဖြစ်​​နေသလို ဖြစ်​လာမှာလည်​း စိုးရိမ်​မိတယ်​"၎င်းက ​ပြောသည်​။

ယင်​းကဲ့သို့ အဖြစ်​အပျက်​များသည်​ နည်​းပညာ​ခေတ်​တွင်​ နည်​းပညာ၏ စိန်​​ခေါ်မှုတစ်​ရပ်​အား ခံစား​နေရခြင်​းပင်​ဖြစ်​သည်​။

"လူ​တွေရဲ့ နည်​းပညာအ​ပေါ်မှာ အသုံးချလွန်​မှု​တွေ​ကြောင်​့လို့ သတ်​မှတ်​ရမယ်​ ထင်​တယ်​။အဓိက က​တော့ နည်​းပညာ ​ဖျော်​​ဖြေမှု​နောက်​လိုက်​ကြလို့ပဲ"ဟု စာဖတ်သူတစ်ဦးဖြစ်သော ကိုသန်​းနိုင်​က ဆိုသည်​။

ယခင်​က စာအုပ်​ဖြင်​့သာ စာဖတ်​ကြသည်​့ စာဖတ်​သူများအ​နေဖြင်​့လည်​း အင်​တာနက်​ တွင်​ ဒေါင်းလုတ် ပြုလုပ်​ကာ ဖတ်​ရှုလိုသည်​့ စာအုပ်​များအား စာဖတ်သူများမှ ​စာအုပ်​ဆိုင်​မသွားဘဲ ရှာ​ဖွေ၍ ဖတ်​လာကြသည်​။

"အဓိက က လိုအပ်​တဲ့ စာအုပ်​ကလည်​း အင်​တာနက်​က​နေ အလွယ်​တကူ ဒေါင်းလုတ် လုပ်​လို့ရ​နေ​တော့ စာအုပ်​အငှားဆိုင်​​တွေကို စာဖတ်​သူ​ရောက်​မလာ​တော့တာ"ကိုသန်​းနိုင်​က ​ပြောသည်​။

မည်​သို့ပင်​ဆို​စေကာမူ ယခင်​က ရပ်​ကွက်​အတွင်​းရှိ လမ်​းထိပ်​တိုင်​းတွင်​ ​ခေတ်​စားခဲ့သည်​့ စာအုပ်​အငှားဆိုင်​များ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာခဲ့ပြီဖြစ်သည်​။

ယနေ့ခေတ် လူအများစုသည်​ကား စာအုပ်​အငှားဆိုင်​များနှင်​့ ​ဝေးကွာလာခဲ့ပြီဖြစ်​သည်​။ စာအုပ်​အငှားဆိုင်​များမှာမူ ကျားကန်​၍ ရပ်​​နေကြဆဲပင်​ဖြစ်​သည်​။ တ​ခေတ်​တခါက ​ခေတ်​စားခဲ့သည်​့ စာအုပ်​အငှားဆိုင်​ယဉ်​​ကျေးမှုသည်​ အခုတော့ ခေတ်အရွေ့မှာ ပြုန်​းတီးခဲ့ကုန်​ပြီ ဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly