ဘန်လေကို ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြကွန်တီမှာ ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးဖြစ်လာ

ဘန်လေကို ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြကွန်တီမှာ ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးဖြစ်လာ

အင်္ဂလန်၊ သြဂုတ် ၁၃ ။            ။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ဘန်လေအသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ချယ်လ်ဆီးနည်းပြ ကွန်တီမှာ ရာထူးမှ ထုတ်ပယ်ခံရရန်   ရေပန်းအစားဆုံးဖြစ်လာခဲ့သည်။

ဘန်လေနှင့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းဘက်မှ နောက်ခံလူကာဟေးလ်နှင့် ကွင်းလယ်ကစားသမား ဖာဘရီဂက်စ်တို့ ထုတ်ပယ်ခံခဲ့ရပြီး ပထမပိုင်း၌ပင် ၃-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်နေခဲ့သော်လည်း နောက်ဆုံးအချိန်အထိ သူတင်ကိုယ်တင်ကစားသွားနိုင်ခဲ့သည်။

ဗြိတိန်၏ လောင်းကစားဝက်ဆိုက်တစ်ခုဖြစ်သော Ladbrokes တွင် ကွန်တီမှာ ရ လေး ၂ လေးဖြင့် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံး ဖြစ်လျက်ရှိသည်။ ၎င်း၏နောက်တွင် နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်၊ စတုခ်စီးတီးနည်းပြ မာ့ခ်ဟုချ်၊ ၀က်စ်ဟမ်းနည်းပြ ဘီလစ်နှင့် လက်စတာနည်းပြရှိတ်စပီးယားတို့က အစဉ်လိုက် ရေပန်းစားလျက်ရှိနေကြသည်။

ကွန်တီသည် ပြီးခဲ့သည့်လကမှ ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းတိုးထားသော်လည်း ၎င်းအနေဖြင့် ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ပါက ချန်ပီယံဆုရပြီး ထုတ်ပယ်ခံခဲ့ရသည့်   မော်ရင်ဟိုနှင့် ရာနီရေနီတို့၏ လမ်းစဉ်ကို လိုက်ရဖွယ်ရှိနေသည်။

ကွန်တီအနေဖြင့် ထိုအချက်ကို သိရှိထားပြီး မော်ရင်ဟိုနှင့် ရာနီရေရီတို့ကဲ့သို့ မဖြစ်လိုကြောင်း ပြောဆိုထားသည်။

ပရီးမီးယားလိဂ်တွင် ၂၀၀၉ ခုနှစ်က မန်ယူအသင်းပြီးနောက် မည်သည့်အသင်းမှ ၂ နှစ်ဆက် ချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိသေးပေ။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly