ပါးချိတ်ရောင်နေသောကြောင့် ဘာစီလိုနာ တိုက်စစ်မှူးနေမာနှစ်ပတ် နားရမည်

ပါးချိတ်ရောင်နေသောကြောင့် ဘာစီလိုနာ တိုက်စစ်မှူးနေမာနှစ်ပတ် နားရမည်

သြဂုတ် ၁၀၊ ဘာစီလိုနာ ။         ။ ဘာစီလိုနာတိုက်စစ်မှူး နေမာသည်ပါးချိတ်ရောင်နေသောကြောင့် နှစ်ပတ်ခန့်နားရမည်ဖြစ်ရာ စပိန်ဘောလုံးရာသီအစကို လွဲချော်ရဖွယ်ရှိနေ သည်။

ဘရာဇီးလက်ရွေးစင်တိုက်စစ်မှးအနေဖြင့် နှစ်ပတ်ခန့်နားရဖွယ်ရှိနေရာ အင်္ဂါနေ့တွင် ဆီဗီလာနှင့်ကစားမည့် ဥရောပစူပါဖလားပွဲ၊ သြဂုတ် ၁၄ နှင့် ၁၇ တွင် ဘီလ်ဘာအိုနှင့်ကစားရမည့် စပိန်စူပါဖလား ပွဲစဉ်များကို လွဲရဖွယ်ရှိနေသည်။

ယင်းအပြင် သြဂုတ် ၂၃ တွင် ဘီလ်ဘာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် စပိန်လာလီဂါအဖွင့်ပွဲစဉ်ကိုလည်း လွဲချော်ရဖွယ်ရှိနေသည်။

အသက် ၂၃ နှစ်အရွယ်ရှိနေမာသည် ယမန်နှစ်ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် ၃၉ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဖလားသုံးလုံးရရှိထား သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly