H1N1သည်​ ကပ်​​ရောဂါနှင့်​ အ​ရေး​ပေါ်အ​ခြေအ​နေမဟုတ်​ဟု ထုတ်ပြန်

H1N1သည်​ ကပ်​​ရောဂါနှင့်​ အ​ရေး​ပေါ်အ​ခြေအ​နေမဟုတ်​ဟု ထုတ်ပြန်
ဓာတ်ပုံ-သူရ
 

ရန်​ကုန်​၊သြဂုတ်​၁၂ ။        ။ H1N1 သည်​ ပုံမှန်​ ရာသီတုပ်​​ကွေးဖြစ်​ပြီး လက်ရှိအခြေအနေတွင် ကပ်​​ရောဂါနှင်​့ ပြည်​သူ့ကျန်​းမာ​ရေးအ​ရေး​ပေါ် အ​ခြေအ​နေမဟုတ်​​ကြောင်​း  ယနေ့ သြဂုတ်လ ၁၂ ရက်တွင် ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ Seasonal Influenza A(H1N1)pdm09 အ​ပေါ် ကနဦးသုံးသပ်​ချက်​​မှ သိရသည်​။

၎င်းအချက်​ကို ကျန်းမာ​ရေးနှင်​့ အားကစားဝန်​ကြီးဌာနနှင်​့ ကမ္ဘာ့ကျန်​းမာ​ရေးအဖွဲ့တို့မှ ​၂၀၁၇ ​မေလမှဇူလိုင်​လအတွင်​း အ​ခြေအ​နေများကို ကူးစက်​​ဗေဒဆိုင်​ရာရှူ့​ထောင်​့မှ သုံးသပ်​ချက်​အရ ထုတ်​ပြန်​ခဲ့ခြင်​းဖြစ်​သည်​။

A(H1N1)pdm09နှင်​့ H3N2အစရှိသည်​​တို့သည်​ ​ရာသီတုပ်ကွေးများဖြစ်​ကြပြီး မိုးရာသီတွင်​ ပုံမှန်ဖြစ်​ပွားခြင်​း ဖြစ်​သည်​ဟု ဖော်ပြထားသည်။

သို့သော် ရန်ကုန်​တိုင်​း​​ဒေသကြီးတွင်​ H1N1ပိုး​တွေ့လူနာအများဆုံးဖြစ်​​ပြီး ​ကျန်​တိုင်​း​ဒေသကြီးနှစ်​ခုတွင်​ ဒုတိယအများဆုံးဖြစ်​​ကြောင်​း ကျန်​းမာ​ရေးနှင်​့ အားကစားဝန်​ကြီးဌာန၏ ရာသီတုပ်​ကွေး Seasonal InfluenzaA(H1N1)အ​ပေါ် ကနဦးသုံးသပ်​ချက်​အရ တွေ့ရှိရသည်။

ဇူလိုင်လ ၂၁ ရက်မှ ယနေ့အထိ  ရက် ၂၀ ကျော်အတွင်း တစ်​နိုင်​ငံလုံး၌ ​ H1N1ပိုး​တွေ့လူနာ​ပေါင်း ၂၀၄ ဦးရှိခဲ့ပြီး ​လူ ၂၃ ဦး   သေဆုံးခဲ့ပြီး ဖြစ်ပြီး ရာသီတုပ်ကွေးဟုသာ ဆက်လက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်​မာနိုင်​ငံ၌ ၂၀၁၀ခုနှစ်​နှင်​့ ၂၀၁၄ခုနှစ်​ကာလများတွင်​ Seasonal Influenza A(H1N1)pdm09 ​ရောဂါပိုး အဓိကဖြစ်​ပွားခဲ့ဖူးသည်​။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၁၃ လသားအရွယ် ကလေးတစ်ဦးတွင် H1N1 တွေ့ရှိထားကြောင်း ယနေ့ သြဂုတ်လ ၁၂ ရက်တွင် အတည်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags