ချင်းမိုင်၊သြဂုတ်လ ၁၂ ။ ။ ကချင်ပြည်နယ် နမ္မတီးမြို့နယ် ကဆုန်းကျေးရွာတွင် သြဂုတ်လ ၁၁ ရက်နေ့က KIA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ရွာသားများ ရာဂဏန်းခန့် နမ္မတီးမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေရသည်။
ကဆုန်းကျေးရွာ မြောက်ဘက်တွင် သြဂုတ်လ ၁၀ ရက်နေ့ကစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ရွာသားများ ကဆုန်းကျေးရွာရှိ ဘုရားကျောင်းများတွင် တိမ်းရှောင်နေစဉ် ယနေ့ သြဂုတ်လ ၁၁ ရက် နံနက်ပိုင်း ၁၀ နာရီချိန်တွင် ရွာသားများ ခိုလှုံနေသော ဘုရားကျောင်းထိ ပစ်ခတ်မှုများ ရှိလာသဖြင့် ရွာသားများ ကျေးရွာမှ တော်လမ်းအတိုင်း နမ္မတီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဒုက္ခသည် များအား ကူညီပေးနေသည့် နမ္မတီးမြို့ခံ ကက်သလစ်အသင်းတော်မှ အထွေထွေအတွင်းရေးမှူး ဦးလဂျာက ပြောသည်။
“ကဆုန်း ရွာရဲ့ မြောက်ဘက်မှာ မနေ့က ၈ နာရီကတည်းက တိုက်ပွဲဖြစ်နေတာ၊ ရွာသားတွေက လုံခြံုတဲ့ထင်တဲ့ ဘုရားကျောင်းတွေမှာ တိမ်းရှောင်နေတာ။ ဒီမနက် ၁၀ နာရီလောက်မှာ ရွာသားတွေက ကိုယ်လွတ်ရုန်း တောလမ်းကနေ ထွက်ပြေးလာတာကို ကျွန်တော်တို့ နမ္မတီးမြို့ပေါ် ထွက်ပြေး လာကြတာ။ ကျွန်တော်တို့ ကက်သလစ်အသင်းတော်နဲ့ နှစ်ခြင်းအသင်းတော်တွေ သွားခေါ်ထားတယ်။ အခုထိ ၆၀၀ ကျော်ရှိပြီ”ဟု သူက မဇ္စျိမကို ပြောသည်။
တိုက်ပွဲကြောင့် ကဆုန်းကျေးရွာသား အသက် ၄၅ နှစ်အရွယ် ဦးလမွန်အောင်နိုးနှင့် ဦးလဂန်လနန် နေရာမှပဲ သေဆုံးခဲ့ရသည်ဟု ကဆုန်းကျေးရွာသားများက ပြောပြခဲ့သည်ဟု သိရသည်။
နမ္မတီးမြို့မှ ၁၃ မိုင်အကွာအဝေးရှိ ကဆုန်းကျေးရွာသား စစ်ပြေးဒုက္ခသည်များ ညနေ ၆ နာရီချိန်ထိ ထပ်မံ ရောက်ရှိလာနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။ အဆိုပါ စစ်ပြေးဒုက္ခသည်များ စားသောက်ရန်အတွက် နမ္မတီးမြို့ခံများက ကူညီထောက်ပံ့ပေးနေသည်ဟု ဦးလဂျာက ပြောသည်။
အဆိုပါ ရွာသားများသည် ကျေးရွာအတွင်း ရုတ်တရက် ထွက်ပြေးလာရသဖြင့် မည်သည့် ပစ္စည်းမှ ယူလာနိုင်ခြင်း မရှိခြင်းကြောင့် စစ်ပြေးဒုက္ခသည်များအတွက် အဝတ်အစား၊ အစားအသောက်များ အရေးတကြီး လိုအပ်နေသည်ဟု သြဂုတ်လ ၁၁ ရက်က သွားရောက် ကြည့်ရှုခဲ့သော ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
“ကဆုန်းရွာမှာ တိုက်ပွဲဖြစ်လို့ အခုတော့ ၆၀၀ကျော် ဘုရားကျောင်းတွေမှာပဲ ခိုလှုံနေကြတယ်။ အခုတော့ အသင်းတော်က ကူညီစောင့်ရှောက်ထားတယ်။ နောက်မှ လူမှုကယ်ဆယ်ရေးအဖွဲ့တွေလာကြပါလိမ့်မယ်။ သူတို့က ကိုယ်တစ်ခုတည်း ထွက်လာတဲ့ လူတွေချည်းပဲ။ ခြင်ထောင်၊ စောင်၊ အဝတ်အစားဘာမှ မပါဘူး။ အဝတ်အစားတွေ၊ အိပ်ယာတွေ အလိုအပ်ဆုံးပေါ့နော်”ဟု သူက မဇ္စျိမကို ပြောသည်။
နမ္မတီးမြို့မှ ၁၃ မိုင်အကွာအဝေးရှိ ကဆုန်းကျေးရွာသား စစ်ပြေးဒုက္ခသည်များ ညနေ ၆ နာရီချိန်ထိ ထပ်မံ ရောက်ရှိလာနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။ အဆိုပါ စစ်ပြေးဒုက္ခသည်များ စားသောက်ရန်အတွက် နမ္မတီးမြို့ခံများက ကူညီထောက်ပံ့ပေးနေသည်ဟု ဦးလဂျာက ပြောသည်။
အဆိုပါ ရွာသားများသည် ကျေးရွာအတွင်း ရုတ်တရက် ထွက်ပြေးလာရသဖြင့် မည်သည့် ပစ္စည်းမှ ယူလာနိုင်ခြင်း မရှိခြင်းကြောင့် စစ်ပြေးဒုက္ခသည်များအတွက် အဝတ်အစား၊ အစားအသောက်များ အရေးတကြီး လိုအပ်နေသည်ဟု သြဂုတ်လ ၁၁ ရက်က သွားရောက် ကြည့်ရှုခဲ့သော ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
“ကဆုန်းရွာမှာ တိုက်ပွဲဖြစ်လို့ အခုတော့ ၆၀၀ကျော် ဘုရားကျောင်းတွေမှာပဲ ခိုလှုံနေကြတယ်။ အခုတော့ အသင်းတော်က ကူညီစောင့်ရှောက်ထားတယ်။ နောက်မှ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ လာကြပါလိမ့်မယ်။ သူတို့က ကိုယ်တစ်ခုတည်း ထွက်လာတဲ့ လူတွေချည်းပဲ။ ခြင်ထောင်၊ စောင်၊ အဝတ်အစားဘာမှ မပါဘူး။ အဝတ်အစားတွေ၊ အိပ်ယာတွေ အလိုအပ်ဆုံးပေါ့နော်”ဟု သူက မဇ္စျိမကို ပြောသည်။
ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရထံ ဆက်သွယ်မေးမြန်းခဲ့သေ်ာလည်း မရခဲ့ပေ။