နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်းခွဲစိပ် အထူးကုဆရာဝန်ကြီးပါမောက္ခ ဦးမောင်မောင်ခိုင်နှင့် တွေ့ဆုံခြင်း အပိုင်း(၄)

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်းခွဲစိပ် အထူးကုဆရာဝန်ကြီးပါမောက္ခ ဦးမောင်မောင်ခိုင်နှင့် တွေ့ဆုံခြင်း အပိုင်း(၄)

4R Health Talk Episode (5), Part-4 (ကျန်းမာရေးရာအဖြေရှာအစီအစဉ်)

အပိုင်း (၄)

မင်္ဂလာပါ မဇ္စျိမပရိသတ်များ။ ကျွန်တော်တို့ အပတ်စဉ် တင်ဆက်ပေးနေကြ4R Health Talk ကျန်းမာရေးရာအဖြေရှာအစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျ။ ဒီနေ့မှာတော့ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်းခွဲစိပ် အထူးကုဆရာဝန်ကြီးပါမောက္ခ ဦးမောင်မောင်ခိုင်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းထားတာတွေကိုအပိုင်း (၄) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးမှာပဲ ဖြစ်ပါတယ် ခင်ဗျ။

မဇ္စျိမ - နားထဲမှာပုဇဉ်းမြည်သံမျိုးအမြဲကြားနေရပါတယ်။ ဘာဆေးသောက်သင့်ပါလဲ။

Prof: MMK - နားထဲမှာပုဇဉ်းမြည်သံကြားတယ်ဆိုတာကတော့ Tinnitus လို့ ခေါ်တယ်ပေါ့နော်။ အဲတော့ ကျွန်တော်တို့ Tinnitus ဖြစ်တဲ့ သူတွေရဲ့ ရ၅ ရာခိုင်နှုန်းက ကံအားလျော်စွာပဲ   ဆေးသောက်သောက် မသောက်သောက် သက်သာပြီးတော့ သူကပျောက်တယ်။ သို့သော် ၂၅ ရာခိုင်နှုန်းလောက်ကတော့ ဆေးသောက်လည်းမသက်သာဘူး။ ဒီအသံက ကြမ်းနေတယ်ပေါ့နော်။ အဲတော့ ဒီနားထဲမှာပုဇဉ်းမြည်သံလိုထွက်တဲ့ Tinnitus ဆိုတဲ့ ရောဂါဟာ ဖြစ်ရတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့နော်။ အဲ့တော့ ဖြစ်ရတဲ့ အကြောင်းတွေထဲမှာအာရုံကြောမကောင်းတာလဲပါတယ်။

ဆီးချိုကြောင့်လည်းပါတယ်။ နောက်တစ်ခုကအရိုးကြီးပေါင်းတက်ကြောင့်လည်းပါတယ်။ ခေါင်းထဲမှာဦးနှောက်ထဲမှာအကျိတ်အဖုတွေ ဖြစ်လို့လဲပါတယ်ပေါ့။ နောက် သေချာစမ်းသပ်စစ်ဆေးပြီးတော့ ကုသမယ်ဆိုရင်တော့ ကောင်းနိုင်ပါတယ်။ အခုနောက်ပိုင်းကနယ်ကဝင်လာတဲ့ ခေါင်းအုံးမှာဂီတသံလေးတွေ ထွက်တဲ့ ခေါင်းအုံးလေးတွေ ရှိတယ်ပေါ့။ အဲတာလေးတွေနဲ့ အိပ်ရင် တစ်ချို့ကတော့ အသံထွက်ရင် အိပ်လို့ မရဘူးပေါ့နော်။ အဲတော့ ဒီလိုမျိုးဂီတသံထွက်တဲ့ ခေါင်းအုံးလေးတွေနဲ့ စာရင် သူကအိပ်ပျော်ပြီပေါ့နော်။ ဒါမျိုးလေးတွေလည်းသုံးလို့ ရပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်တော့ မေဖြိုးသူတဲ့ သမီးနှာခေါင်းက အမြဲတမ်းပိတ်ပြီးတော့ ခေါင်းခဲနေလို့ ဆေးခန်းပြ နှာခေါင်းကြောရောင်တယ်ဆိုပြီးပိုးသတ်ဆေးသောက်ခိုင်းပါတယ်။ အအေးမိတဲ့အခါ ခဏခဏ နှာပိတ်ပြီးဖျားချင်လိုလို ဖြစ်ပါတယ် အဲတော့ ဘာဆေးသုံးစွဲသင့်ပါလဲ။

Prof: MMK - အဲတော့ နှာခေါင်းပိတ်ပြီးတော့ ခေါင်းခဲတယ်ဆိုတော့ ဒီဟာကတော့ လေအိတ်ရောင်တာပေါ့။ နှာခေါင်းရောင်ပြီးလို့ ရှိရင် နှာခေါင်းဘေးမှာရှိတဲ့ လေအိတ်တွေကရောင်လာတာပေါ့။   ရောင်တော့ သူကထွက်လာတဲ့ အရည်တွေက နှာခေါင်းထဲမှာစီးမကျဘဲနဲ့ အထဲထဲမှာခဲနေလို့ ရှိရင် ခေါင်းကြီးကခဲပြီးတော့ လေးပြီးတော့ ကိုက်တယ်ပေါ့နော်။ အဲဒီအတွက်ဆိုရင်တော့ သေချာစမ်းသပ် စစ်ဆေးပြီးတော့မှ နားခေါင်းဆေးတာတို့ နှာခေါင်းထဲကိုဆေးဖျန်းတာဆေးသောက်တာလုပ်ဖို့လိုပါတယ်။ ဒီရောဂါကပျောက်ပါတယ်။

မဇ္စျိမ - နှာခေါင်း၊ လည်ချောင်းဆိုရင် ရှောင်ရန်၊ ဆောင်ရန် အဲတာလေးတွေကိုအတိုချုပ် ပြောပေးပါအုံးဆရာ။

Prof: MMK - နားဆိုရင်တော့ ကျွန်တော်တို့ လူမျိုးရဲ့ အလေ့ကျင့် ဖြစ်တဲ့ နားတစ်ခုခုဖြစ်ရင် သူတို့ကနားကလော်တယ်။ ဂွမ်းတုတ်နဲ့ ထိုးတယ်ပေါ့နော်။ ဒါလေးကိုတော့ ကျွန်တော်ကမလုပ်ဖို့ တားချင်တယ်။ ဘာပဲဖြစ်ဖြစ် နားဖာချေးဆိုတာလူတိုင်းထွက်တယ်ပေါ့။ ထွက်ပြီးတော့မှ သဘာဝအရအပြင်ဖက်ကိုထွက်လာပြီးတော့မှ နားရွက်ကနေပြီးတော့ ကွာကျသွားတယ်ပေါ့နော်။ အဲတော့ ဂွင်းတုတ်နဲ့ ထိုးထည့်လိုက်ခြင်းအားဖြင့် အထဲထဲကိုဝင်သွားတဲ့ အခါမှာထုတ်ရခက်ပြီးတော့ ဆေးရုံဆေးခန်းရောက်လာတဲ့ အဖြစ်တွေ အများကြီးရှိတဲ့အတွက် နားဖာချေးကိုတော့ ဂွမ်းတုတ်နဲ့ ထိုးတဲ့ အကျင့်လေးကိုဖျက်ကြပါ။ ဒါလေးတော့ တစ်ခုပြောချင်တယ်။

နှာခေါင်းရောဂါအနေနဲ့တော့ စောစောကပြောသလိုပဲအဖြစ်များတာသည် ဓာတ်မတည့် နှာခေါင်းရောင်တွေ အခုအဖြစ်များတယ်။ အဲတော့ ဓာတ်မတည့် နှာခေါင်းရောဂါ အဖြစ်များတာမှာတွေ့ရာဆေးမြီးတိုတွေ နှာခေါင်းထဲကိုအခုတရုတ်ကလာတဲ့ ဆေးလေးတွေ ထည့်ကြတယ်။ အဲတာလေးတွေ ထည့်တာကိုလည်းလုပ်သားပြည်သူကိုကျန်းမာရေးအသိပေးချင်တယ်။ သူကဘာလဲဆိုတော့ ရှံု့သွားစေတဲ့ ဆေးတွေ ပါတယ်ပေါ့။ ပြောရရင်တော့ အခုဆေးကိုတားမြစ်ထားတဲ့ ဆေးပေါ့နော်။ သူကိုသုံးပါများရင် နှာခေါင်းမှာအနာတွေ ဖြစ်ပြီးတော့မှ ပိုဆိုးသွားတဲ့ ရောဂါ ဖြစ်တတ်တဲ့အတွက် ဒီနှာခေါင်းကိုပွင့်စေတဲ့ နှာခေါင်းဆေးရည်တွေ ကျွန်တော်တို့ ညွှန်ကြားမှုမရှိဘဲနဲ့ မိမိသဘောနဲ့ မိမိထည့်တာမကောင်းပါဘူးလို့ပဲအကြံပေးပါရစေ။ လည်ပင်းအနေနဲ့ကတော့ စောစောကပြောတဲ့ ကွမ်းစားတာဆေးလိပ်သောက်တာဒါလေးတွေကိုတော့ ရှောင်နိုင်ရင် အကောင်းဆုံးလို့ ကျွန်တော်တို့ အကြံပြုချင်ပါတယ်။

မဇ္စျိမ - ဖြေကြားပေးတဲ့ ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ အဲတော့ Mr.Ravindra Jain ကနေလည်းသူက ကျွန်တော်တို့ မဇ္စျိမပရိတ်သတ်တွေကိုသူကအပတ်စဉ်တိုင်းမှာသူရဲ့ ဘဝနေနည်းထိုင်နည်း ဘဝမှာနေပျော်အောင် ဘယ်လိုနေမလဲဆိုတာကိုသူအမြဲတမ်းပြောပြနေတာ ဖြစ်ပါတယ်။ အဲတော့ ဒီတစ်ခေါက်တော့ ငါးခုမြောက် ဖော်မြူလာကိုသူပြောပြပါမယ်။

မဇ္စျိမ - Mr.Ravindra Jain ပြောသွားတာကတော့ ကျွန်တော်တို့ ဒါကတော့ Episode 4 ပေါ့နော်။ သူကဒီ Episode 4 ပြောချင်တဲ့ ဘဝနေနည်းထိုင်နည်းနေပျော်တဲ့ ဘဝကိုဘယ်လို ဖြတ်သန်းမလဲဆိုရင် လူတွေကိုကိုယ့်ကိုယ် ဘာပြောမလဲဆိုတာကိုဂရုမစိုက်ပါနဲ့တဲ့။ ကိုယ်လုပ်စရာရှိတာလုပ်ပါဆိုတဲ့ သဘောပါပဲ။ အဲတော့ ကျွန်တော်တို့ ကြားဖူးနေပုံပြင်တစ်ခုပါပဲ။ ကျွန်တော် မြန်မာပရိတ်သတ်တွေလည်း ကြားဖူးနေကြပုံပြင် တစ်ခုပါပဲ။ အဲဒီမှာသားအဖနှစ်ယောက်ရယ် နွားတစ်ကောင်ရယ်ပေါ့နော်။ ခရီးတစ်ခုသွားတဲ့ အခါမှာသားရောအဖေရောပေါ့နော် ဒီနွားကိုမစီးဘဲနဲ့ နွားကိုဆွဲသွားတယ်ပေါ့နော်။ ဆွဲသွားတဲ့ အခါ နွားကြီးတစ်ကောင်လုံးရှိရဲ့သားနဲ့ နွားမစီးဘဲနဲ့ လမ်းလျှောက်နေတယ်။ အဲတော့ စဉ်းစားတယ်။ သားရေအဲတော့ မင်းပဲစီးတော့ အဖေကလမ်းလျှောက်မယ်ဆိုတော့ သားက နွားကိုစီးပြီးတော့မှ  သွားတယ်ပေါ့။ နည်းနည်းခရီးလေးရောက်လာတဲ့ အခါကျတော့ တစ်ယောက်ကတွေ့ပြန်တယ်။ တွေ့တဲ့အခါကျတော့ ဘာပြောလဲဆိုတော့ ဒီလူငယ်ဟာကျန်းကျန်းမာမာသန်သန်စွမ်းစွမ်းနဲ့ အဖေကြီးကတော့ လမ်းလျှောက်နေရတယ်။ သူကျတော့ နွားကိုစီးတယ်ပေါ့နော်။ ဒါဆိုလည်းမဖြစ်သေးဘူးဟ နွားတစ်ကောင်တည်းကိုငါတို့   နှစ်ယောက်စီးမယ်ဆိုပြီးစီးသွားပြန်ရောစီးသွားတဲ့အခါ ဟိုရှေ့တော်တော်လေးရောက်သွားတဲ့ အခါမှာဟာဒီကောင်တွေ နွားတစ်ကောင်တည်းကိုလူနှစ်ယောက်တောင် စီးတာပဲ။ တော်တော် တိရစ္ဆာန် ညှင်းပန်းတဲ့ ကောင်တွေပဲပေါ့နော်။ ဒါမျိုးပေါ့နော် ကိုယ့်ဘဝမှာကိုယ်ဘယ်လိုပဲလုပ်နေလုပ်နေပြောတဲ့သူတွေကတော့ ရှိနေမှာပဲအဲတော့ ရှိနေမယ်ဆိုတော့ သူတို့ ဂရုမစိုက်နဲ့ ကိုယ်လုပ်စရာရှိတာလုပ်ပေါ့နော်။ အဲတော့ ဒီဟာကသူတို့ လိုက်ဂရုစိုက်နေမယ်ဆိုရင် ကိုယ့်ဘဝဟာနေပျော်တော့မှာမဟုတ်ဘူး။ ကိုယ့်ကိုယ် ပြောစရာတစ်ခုခုရှိလာတော့မှာပဲကိုယ်ဘာပဲလုပ်လုပ် တစ်ခုခုလုပ်လိုက်တယ် ဆိုလို့ ရှိရင် ပြောစရာတစ်ခုခု ဖြစ်လာမှာပဲပေါ့နော်။ အဲတော့ ကျွန်တော်တို့ ဒီဟာကိုဂရုမစိုက်ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကိုလုပ်ဖို့ပဲလိုမယ်။ ဒါဆိုရင် ကိုယ့်ဘဝဟာနေပျော်မယ်ပေါ့နော်။

မဇ္စျိမ - နောက်တစ်ခုကတော့ ကျွန်တော် ကြေငြာထားတဲ့ အတိုင်းပါပဲ။ ဒီ သြဂုတ်လထဲမှာဆိုရင် ဆရာဝန်ကြီးလေးယောက်ကိုဖိတ်ကြားထားတယ်။ ဒီနေ့ ဆရာကြီးဦးမောင်မောင်ခိုင်နဲ့ ဆွေးနွေးခဲ့ ပြီးပြီနောက်တစ်ပတ်ဆိုရင် ဆရာကြီးပရော်ဖက်ဆာစိုင်းနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆရာကြီးကတော့ မှတ်ဉာဏ်ချို့ယွင်းတယ်လို့ပဲပြောရမှာပေါ့နော်။ ဒီရောဂါအတွက် ကုသပေးနေတဲ့ ဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဆရာချစ်စိုးဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ အားလုံးသိကြတဲ့ အတိုင်းပဲဆရာကြီးဒေါက်တာခင်မောင်ဝင်း ဖြစ်ပါတယ် ခင်ဗျ။ သူကတော့ အသည်းနဲ့ ပတ်သက်ပြီးတော့ အဓိကကုသပေးနေတဲ့ ပရော်ဖက်ဆာကြီး ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီဆရာတွေကိုရှေ့သုံးပတ်မှာတွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ နောက်ထပ် Mr.Ravindra Jain ထပ်ပြောသွားတာကတော့ ကျွန်တော်တို့ 4R Health Talkကို ကြည့်ပါ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုဖြေရှင်းပေးနေပါတယ်။ မဇ္စျိမများအားလုံးကိုကျေးဇူးတင်ပါတယ်။

အပိုင်း (၁) အားကြည့်ရန်-http://www.mizzimaburmese.com/article/30445

အပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/30481

အပိုင်း(၃)အားကြည့်ရန်-http://www.mizzimaburmese.com/article/30524

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly