၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု (၅၀) ဆွတ်ခူးရန် ဖိလစ်ပိုင် ပစ်မှတ်ထား

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု (၅၀) ဆွတ်ခူးရန် ဖိလစ်ပိုင် ပစ်မှတ်ထား
(ဓာတ်ပုံ - အီးပီအေ)

ဖိလစ်ပိုင်နိုင်ငံဟာ မလေးရှားမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု (၅၀)ထိ ရရှိနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း နိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ကွာလာလမ်ပူမှာ လာမယ့် သီတင်းပတ်အတွင်း ယှဉ်ပြိုင်မယ့် ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု အရည်အတွက် (၅၀) ဆိုတာ အားကစားတစ်ခုချင်းစီအပေါ် အခြေခံထားတဲ့ ခန့်မှန်းတွက်ချက်မှုဖြစ်ကာ "ကျိုးကြောင်းဆီလျော်တဲ့" ပစ်မှတ်ဖြစ်ပါတယ်လို့ အကြီးကဲ စင်သီယာ ကယ်ရီ-နောတန်က ပြောပါတယ်။

"အားကစားကော်မရှင်အသီးသီးရဲ့ ဥကဌတွေက ကျမကို ကတိပေးထားပြီး ဒါတော့ စုစုပေါင်း အားကစား ၆၃ မျိုးဖြစ်ပေမယ့် အကုန်းလုံး ရရှိမယ်လို့ ကျမ မျှော်လင့်မထားပါဘူး။ ရွှေတံဆိပ်အခု (၅၀)ဆိုတာ ပိုပြီး ကျိုးကြောင်းဆီလျော်မယ်လို့ ကျမ ထင်ပါတယ်။"လို့ သူမက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

"ခင်ဗျာဟာ မလုပ်နိုင်ဘူးလို့ တွေးထင်ထားရင် ရလဒ်က နိမ့်ဆင်းမှာဖြစ်ပါတယ်"လို့ ကယ်ရီ-နောတန်က ကော်မရှင်းအဖွဲ့တွေကို ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ  ၂၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၀၅ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်က စံချိန်တင် ရွှေတံဆိပ် (၁၁၃)ဆု ရရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်း ၂၀၁၅ မှာ ရွှေတံဆိပ်ဆု ၂၉ခုသာရရှိကာ ဖိလစ်ပိုင်ရဲ့ အောင်မြင်မှုဟာ ကျဆင်းသွားပါတယ်။ ဖိလစ်ပိုင်ဟာ ၁၉၈၇ ဂျာကာတာမှာ ရွှေတံဆိပ် (၅၉)ခုနှင့် ၁၉၉၃ စင်္ကာပူမှာ (၅၇)ခု ဆွတ်ခူးခဲ့ပါတယ်။

ဖိလစ်ပိုင်တို့က ဝူရှုးနှင့် မြှားပစ်နှစ်မျိုးလုံးမှာ ရွှေတံဆိပ် (၅)ခု၊ lawn bowls နှင့် တိုက်ကွမ်ဒိုကနေ ရွှေတံဆိပ် (၄)ခုစီ ဆွတ်ခူးရယူဖို့ မျှော်မှန်းထားကြောင်း ကယ်ရီ-နောတန်က ပြောပါတယ်။

ဖိလစ်ပိုင်ဟာ ရေကူးခြင်းနဲ့ဆိုင်တဲ့ အားကစားမျိုးမှာ ရွှေတံဆိပ်ရရှိဖို့ မျှော်မှန်းမထားသလို နိုင်ငံမှာ ကျယ်ပြန့်စွာ ကစားလေ့မရှိတဲ့ ဟော်ကီနှင့် နက်ဘောလုံးကစားနည်းမျိုးတို့ကိုလည်း ရည်ရွယ်မထားကြောင်း သူမက ဆိုပါတယ်။

လက်ဝှေ့လိုများ ကစားနည်းမှာတော့ ဖိလစ်ပိုင်ဟာ အားသားမှုရှိပြီး ၂၀၁၅ ခုနှစ်မှာ ရွှေတံဆိပ် ၁၁ ခုအနက်မှ ၆ ခုထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags