ပြံုယမ်း၏ အချိန်ဇုန်ပြောင်းလဲမှု တစ်ဖက်သတ် စိတ်ပျက်စရာ ဟုတောင်ကိုရီးယား သမ္မတဝေဖန်

ပြံုယမ်း၏ အချိန်ဇုန်ပြောင်းလဲမှု တစ်ဖက်သတ် စိတ်ပျက်စရာ ဟုတောင်ကိုရီးယား သမ္မတဝေဖန်

ဆိုးလ်၊ သြဂုတ် - ၁၀ ။        ။ နာရီများကို အချိန်ဇုန်အသစ်သို့ နောက်ပြန်လှည့်ရန် မြောက်ကိုရီးယား၏ ဆုံးဖြတ်ချက်မှာ စိတ်ပျက်ဖွယ်ရာကောင်းလှပြီး ပြိုင်ဘက်နှစ်နိုင်ငံကြား ကွဲလွဲမှုကို ပိုမိုကြီးမား နက်ရှိုင်းသွားစေလိမ့်မည်ဟု တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟီးက ဝေဖန်လိုက်သည်။

မြောက်ကိုရီးယားက သြဂုတ်လ ၇ရက်နေ့က ၎င်း၏စံအချိန်ကို တောင်ကိုရီးယားထက် မိနစ်၃၀နောက်ကျ၍ GMT+8:30သို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြုံယမ်းက အမျိုးသားရေးဝါဒ အကြောင်းအချက်အခြေံဖြင့် ပြောင်းလဲရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၊ မြောက်ကိုရီးယားအနေဖြင့် ၁၉၁၀မှ ၁၉၄၅ ကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီကျွန်ပြုစဉ်အတွင်း ဂျပန်က ပြဌာန်းခဲ့သည့် တိုကျိုစံအချိန်မတိုင်မီက အသုံးပြုခဲ့သည့် မူလအချိန်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဟု ဆိုသည်။

ယခုအချိန်ဇုန်သစ်မှာ ဂျပန်အုပ်စိုးမှုအောက်မှ ကိုရီးယားကျွန်းဆွယ် လွတ်မြောက်သည့် နှစ်၇၀ပြည့်အထိမ်းအမှတ်နေ့ သြဂုတ်လ ၁၅ရက်နေ့တွင် စတင်သက်ရာက်မည်ဖြစ်သည်။

''မြောက်ကိုရီးယားက ကျွန်မတို့နဲ့ တိုင်ပင်ခြင်းမရှိဘဲ တစ်ဖက်သတ် အချိန်ဇုန်ကို ပြောင်းလဲလိုက်တာဟာ တကယ့်ကို စိတ်ပျက်စရာကောင်းလှပါတယ်''ဟု ပက်က အကြီးတန်းလက်ထောက်များနှင့် စည်းဝေးစဉ်အတွင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly