ဖိလစ်ပိုင်မှာ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်

ဖိလစ်ပိုင်မှာ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်

သြဂုတ် ၁၁ ။            ။ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိတဲ့ အားပြင်း မြေငလျင်တစ်ခု သြဂုတ် ၁၁ ရက်က ဖိလစ်ပိုင်မှာ လှုပ်သွားခဲ့ကြောင်း မြေငလျင်တိုင်းတာရေး ပညာရှင်တွေက ပြောပါတယ်။

အဆိုပါ အားပြင်းငလျင်ဟာ ဖိလစ်ပိုင်မြို့တော် မနီလာ တောင်ဘက်ပိုင်းဒေသမှာ လှုပ်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေနဲ့ပတ်သက်လို့ လက်တစ်လောမှာ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ဟာ မနီလာမြို့ တောင်ဘက် ၄၃ မိုင်အကွာ Lian ကမ်းရိုးတန်းပြင်ပမှာ လှုပ်သွားခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင် မြေငလျင်တိုင်းတာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင် ငလျင်ပညာရှင်တွေကတော့ ယင်းငလျင်ရဲ့ ပြင်းအားကို ၆ ဒသမ ၁ လို့ သတ်မှတ်ထုတ်ဖော်ခဲ့ပြီး အမေရိကန်ဘူမိလေ့လာရေးအဖွဲ့ US Geological Survey ကတော့ ငလျင် ပြင်းအား ၆ ဒသမ ၂ ဆိုပြီး ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly