ရှုံးပွဲမရှိ ရှေ့ဆက်နေတဲ့ ဟာယာတိုဆူဇူကီး

ရှုံးပွဲမရှိ ရှေ့ဆက်နေတဲ့ ဟာယာတိုဆူဇူကီး

၂၀၁၂ ခုနှစ်ကတည်း ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂျပန်ဖိုက်တာ ဟာယာတိုဆူဇူကီးဟာ အခုအချိန်အထိ ရှုံးပွဲမရှိစံချိန်ကို စိုက်ထူထားဆဲ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဟာယာတိုဆူဇူကီးနဲ့ ပွဲတည်ပေးထားသူက အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဖိလစ်ပိုင် တက်သစ်စဖိုက်တာ ဂျိုရူအာပါစီအိုပဲ ဖြစ်ပါတယ်။

ပါစီအိုကလည်း ခေသူတော့ မဟုတ်ပါဘူး။ ကစားပြီးခဲ့တဲ့ ၁၀ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေက ပါစီအိုကို မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ တကယ်တမ်း ပွဲလွှတ်လိုက်တဲ့ အခါမှာတော့ ပါစီအိုရဲ့ မပါးနပ်မှုက ဆူဇူကီးလို ၀ါရင့်တစ်ယောက်အတွက် အောင်ပွဲဖြစ်သွားစေခဲ့ပါတယ်။

ပထမအချီလွှတ်လိုက်တယ်ဆိုရင်ပဲ ၀ူရူးအားကစားသမား ပါစီအိုက ပေါ့ပေါ့ပါးပါးနဲ့ ဆူဇူကီးကို ရင်ဆိုင်တိုက်ခိုက်ပါတယ်။ ခြေအမြင့်ကန်ချက်တွေလည်း သုံးခဲ့ပါတယ်။

ဒါပေမဲ့ ပါစီအိုရဲ့အမှားကတော့ ချုပ်သတ်ကွက်တွေကျွမ်းကျင်တဲ့ ဆူဇူကီးကို ရင်ဆိုင်လုံးတွေးအပြီး ၁၅ စက္ကန့်လောက်အတွင်းမှာ ကျောပေးပြီး ချုပ်ခံလိုက်ရတာပါပဲ။

ဆူဇူကီးက ပီစီအိုကို ခွထားတဲ့ညာခြေကို ဘယ်ခြေနဲ့ညှပ် လည်ပင်းကို အတင်းညစ်ထားလိုက်ပါတယ်။ ပါစီအိုရုန်းကန်ပြီး ပြန်ထိုးပါသေးတယ်။ ဒါပေမဲ့ ဆူဇူကီးက အခွင့်အရေးကို လက်လွတ်မခံတော့ပဲ ဆက်တိုက် လည်ပင်းကို ညှစ်ထားလိုက်တာကြောင့် နောက်ဆုံးမှာတော့ ပါစီအို အရှုံးပေးလိုက်ရပါတော့တယ်။ ၃ မိနစ်နဲ့ ၁၇ စက္ကန့်ပဲ ကြာမြင့်လိုက်ပြီး ပွဲပြတ်သွားခဲ့ပါတယ်။

ဖလိုင်းဝိတ်တန်းမှာ ဆူဇူကီးရဲ့ ၁၇ ပွဲမြောက် ရှုံးပွဲမရှိတဲ့အောင်ပွဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly