တရုတ်မြောက်ပိုင်းတွင် ဥမင်လိုဏ်ခေါင်းနံရံနှင့် ဘတ်စ်ကားတိုက်မိရာ လူ ၃၆ ဦး သေဆုံး

တရုတ်မြောက်ပိုင်းတွင် ဥမင်လိုဏ်ခေါင်းနံရံနှင့် ဘတ်စ်ကားတိုက်မိရာ လူ ၃၆ ဦး သေဆုံး

ပေကျင်း၊ သြဂုတ် ၁၁ ။              ။ တရုတ်နိုင်ငံမြောက်ပိုင်း အဝေးပြေးလမ်းတစ်လမ်းပေါ်တွင် ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း ဘတ်စ်ကားတစ်စီး လိုဏ်ခေါင်းနံရံနှင့် တိုက်မိရာမှ လူ ၃၆ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရကြောင်း နိုင်ငံပိုင်သတင်းက သြဂုတ် ၁၁ ရက်တွင် ဖော်ပြသည်။

ရှန်ကျီပြည်နယ် ကျင်လင်းခရိုင်အတွင်း သြဂုတ် ၁၀ ရက် ညပိုင်းက အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသအာဏာပိုင်များကို ကိုးကားလျက် ဆင်ဟွာသတင်းက ဖော်ပြသည်။

ဘတ်စ်ကားသည် အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးခရိုင်မှ အလယ်ပိုင်း လောင်ယန်းမြို့သို့ ဦးတည်သော ခရီးစဉ်တွင် ယခု ယာဉ်မတော်တဆမှု ကြံုတွေ့ခြင်း ဖြစ်သည်။

ဒဏ်ရာရသူများအား ဆေးရုံသို့ အားချင်းပို့ဆောင်ထားကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။ လူ ၅၁ ဦးဆံ့ ယင်းဘတ်စ်ကားပေါ်တွင် ခရီးသည် ၄၁ ဦးလိုက်ပါခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီချွမ်ပြည်နယ်အတွင်း အခြားသောစိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်အဖြစ် ငလျင်လှုပ်မှု ကြံုထားခဲ့ရာတွင် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ဒဏ်ရာရသူ ရာပေါင်းများစွာ ရှိခဲ့သည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု နည်းပါးမှုများကြောင့် တရုတ်နိုင်ငံအတွင်း လူသေဆုံးမှုများသော ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly