အမ်ဘတ်ပီကို ယူရိုသန်း ၁၈၀ နဲ့့ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ပီအက်စ်ဂျီ

အမ်ဘတ်ပီကို ယူရိုသန်း ၁၈၀ နဲ့့ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ပီအက်စ်ဂျီ
(ဓာတ်ပုံ - အီးပီအေ)

ပီအက်စ်ဂျီအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာမှ နေမာကို ခေါ်ယူခဲ့ပြီးနောက် မိုနာကိုစတား အမ်ဘတ်ပီကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ စပိန်မှ လာတဲ့ သတင်းများအရ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်၊ ဘာစီလိုနာနှင့် မန်စီးတီးတို့ရဲ့ ပစ်မှတ် အသက် ၁၈ နှစ်ရှိ ပြင်သစ်ကစားသမားကို ယူရိုသန်း ၁၈၀ ဖြင့် ခေါ်ယူရန် သဘောတူညီခဲ့ကြပြီလို့ Sport က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက အမ်ဘတ်ပီအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၅၀ ပေးချေရန်ရှိပြီး နောက်ပိုင်းမှသာ အပိုဆုကြေးငွေအဖြစ် ယူရိုသန်း ၃၀ ကို ပေးဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူရာမှာ စုစုပေါင်း ယူရိုသန်း ၄၀၀ သုံးစွဲဖို့ ရှိနေပါတယ်။

မာကာရဲ့သတင်းအရ ပီအက်စ်ဂျီအသင်းဟာ အမ်ဘတ်ပီကို ခေါ်ယူဖို့အတွက် မိုနာကိုအသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် သသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး အပြန်အလှန် စာရွက်စာတမ်းများ ဖလှယ်ခဲ့ကြကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ နောက်ထပ် ရည်မှန်းချက်တစ်ခုက အက်သလက်တီကိုမှ ဂိုးသမား ဂျန်အောဘလတ်ကို ခေါ်ယူဖို့ဖြစ်ပါတယ်။

ဒါပေမယ့် ပြင်သစ် Le Parisien ဂျာနယ်ကတော့ ပီအက်စ်ဂျီနှင့် မိုနာကို နှစ်သင်းလုံးက အမ်ဘတ်ပီအတွက် မည်သည့် သဘောတူညီချက်မျှ မရသေးကြောင်း ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags