အိမ်အကူမိန်းကလေးအား မီးခြစ်ဖြင့် ရှို့ခြင်းမှာ ကိုဆွေဝင်းကြောင့် ဖြစ်လာသည့် မမှန်မကန်စွပ်စွဲချက်များသာဖြစ်ဟု ထွက်ဆို

အိမ်အကူမိန်းကလေးအား မီးခြစ်ဖြင့် ရှို့ခြင်းမှာ ကိုဆွေဝင်းကြောင့် ဖြစ်လာသည့် မမှန်မကန်စွပ်စွဲချက်များသာဖြစ်ဟု ထွက်ဆို

ရန်ကုန်၊ သြဂုတ်လ ၁ဝ ။            ။ အင်းဝအပ်ချုပ်ဆိုင်အမှုတွင် နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေး မစန်းကေခိုင်အား ဂတ်စ်မီးခြစ်ဖြင့်ရှို့ ခြင်းမှာ လုံးဝမဟုတ်ဘဲ သတင်းထောက်ကိုဆွေဝင်းက   ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မမှန်မကန် စွပ်စွဲချက်များသာ ဖြစ်ကြောင်း စွပ်စွဲခံရသူ ရာဇာထွန်းက ရုံးတော်ရှေ့တွင် ထွက်ဆိုသည်။

ယနေ့ သြဂုတ်လ ၁ဝ ရက်ရုံးချိန်းတွင် စွပ်စွဲခံရသူ ရာဇာထွန်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက ရာဇာထွန်းကို အပြန်အလှန် မေးခွန်းများမေးမြန်းခဲ့ရာ ရာဇာထွန်းက ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတော်ရှေ့တွင် ထိုသို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံး၌ မစန်းကေခိုင်အတွက် ကျပ်သိန်း ၄ဝ ဖြေရှင်းခဲ့စဉ်ကလည်း ၄င်းအနေဖြင့် မစန်း ကေခိုင်အား ဒဏ်ရာအနာတရ ရအောင် ပြုလုပ်မှုများ၊ ခန္ဓာကိုယ်အား ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ခြင်းသည့်ကိစ္စများ အား မည်သူကမျှ ပြောကြားခဲ့ခြင်းလည်း မရှိကြောင်း ရာဇာထွန်းက ထွက်ဆိုခဲ့သည်။

၄င်းအား စွပ်စွဲခဲ့သည့် မစန်းကေခိုင်အား ဂတ်စ်မီးခြစ်ဖြင့် ရှိုးခဲ့သည့်အမှုအား ဒုရဲမှူးတိုးမြို့က ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ရှာဖွေပုံစံပါ ဂတ်စ်မီးခြစ်မှာ ဒုရဲမှူးတိုးမြို့ထံတွင် ပါလာသောမီးခြစ်ဖြစ်ပါသည်ဟု ရာဇာထွန်းက ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။

ဒုရဲမှူးတိုးမြို့က ရာဇာထွန်းနှင့် ရာဇာထွန်းဇနီးဖြစ်သူ စုမွန်လတ်တို့ကို ခေါ်ဆောင်ပြီး ကျောက်တံတားမြို့နယ်၊ လမ်း ၄ဝ ရှိ ၄င်းတို့ နေအိမ်သို့ သက်သေခံပစ္စည်း များသွားရောက်သွားရှာဖွေခဲ့ရာတွင် ဒုရဲမှူးတိုးမြို့က ဂတ်စ် မီးခြစ်နှင့်အတူ စီးကရက်ဘူးကို ၄င်းတို့နေအိမ်စားပွဲပေါ်တွင် တင်ခဲ့ကြောင်း၊ ပြီးနောက် အဆိုပါ ဂတ်စ်မီးခြစ် ကိုသာ သက်သေခံပစ္စည်းအဖြစ် ပြန်လည်သိမ်းယူသွားခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ ရာဇာထွန်းက ထွက်ဆိုခဲ့ သည်။

စွပ်စွဲခံရသူ ရာဇာထွန်းကို လူကုန်ကူးမှုဥပဒေဖြင့် စွဲချက်တင် စစ်ဆေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ရာဇာထွန်းက ရုံးတော်ရှေ့တွင် ၄င်းက မစန်းကေခိုင်ကို အိမ်အကူအဖြစ်ငှားရမ်းခဲ့သူမဟုတ်ကြောင်း၊ ထိုကြောင့် ၄င်းအနေဖြင့် လစာပေးရန်လည်း အကြောင်းမရှိကြောင်း၊ မစန်းကေခိုင်အပေါ် မည်သည့် ပြစ်မှုကိုမှ ကျူးလွန်ခဲ့ခြင်း လုံးဝ မရှိကြောင်း တရားရုံးတွင် ငြင်းဆိုထွက်ဆိုခဲ့သည်။

အိမ်အကူမိန်းကလေး မစန်းကေခိုင်အား ချုပ်နှောင်ပိတ်လှောင်ထားခြင်းမရှိဘဲ ၄င်းတို့အနေဖြင့် မိသားစုနှင့် မခြား ပွဲလမ်းသဘင်များသို့ ခေါ်ဆောင်သွားခြင်း၊ ကောင်းမွန်စွာကျွေးမွေးခြင်း၊ ဒဏ်ရာအနာတရ ရရှိအောင် ဆောင်ရွက်မှုလည်း မရှိသည့်အတွက် လူကုန်ကူးမှုအရသော်လည်းကောင်း၊ နာကျင်စေမှုဥပဒေအရသော် လည်းကောင်း၊ ကလေးသူငယ်ဥပဒေအရသော်လည်းကောင်း ကျူးလွန်ဖောက်ဖျက်ခဲ့ခြင်းမရှိကြောင်း ရုံးတော် ရှေ့တွင် ရာဇာထွန်းက ငြင်းဆိုထွက်ဆိုခဲ့သည်။

အဆိုပါ အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူ ဇာအပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို ခရိုင်တရားရုံးမှ မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက် တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄၊ ၃၄၄/ ၁၁၄ တို့ဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၃ ရက် ရုံးချိန်းမှ စတင်ကာ စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၆ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လာမည့် သြဂုတ်လ ၁၅ ရက်နေ့ ရုံးချိန်းတွင်လည်း စွပ်စွဲခံရသူ ရာဇာထွန်းကို တရားလိုများဘက်မှ လိုက်ပါဆောင်ရွက်ပေး နေသည့် ခရိုင်ဥပဒေအရာရှိက အပြန်အလှန် မေးခွန်းများ မေးမြန်းကာ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly