ထရမ့်ကို သရော်ထားတဲ့ လေမှုတ်ကြက်ရုပ်ကြီးတစ်ရုပ်ကို အိမ်ဖြူတော်ရှေ့မှာ လာရောက်ထားရှိ

ထရမ့်ကို သရော်ထားတဲ့ လေမှုတ်ကြက်ရုပ်ကြီးတစ်ရုပ်ကို အိမ်ဖြူတော်ရှေ့မှာ လာရောက်ထားရှိ

သြဂုတ် ၁၀ ။                 ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆင်တူအောင် ဖန်တီးထားတဲ့ လေမှုတ် ကြက်ရုပ်ကြီးတစ်ရုပ် သြဂုတ်လ ၉ ရက်ကစပြီး အိမ်ဖြူတော်ရှေ့ မြေကွက်လပ်မှာ   ရောက်ရှိနေတယ်လို့ သိရပါတယ်။

ချစ်စဖွယ် ယင်း လေမှုတ် အရုပ်ကြီးမှာတော့ ရွှေရောင်ဆံပင်ပုံစံနဲ့အတူ ထရမ့်လုပ်တတ်တဲ့ လက်ဟန်အတိုင်း ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပြီး ထရမ့်ကို လှောင်ပြောင်သရော်သလိုဖို့အတွက် ဖန်တီးထားတာဖြစ်ပါတယ်။ ယင်း ကြက်ရုပ်ကြီးကိုတော့ အိမ်ဖြူတော်ရှေ့ မြေကွက်လပ်တစ်ခုအနီးမှာ အများပြည်သူ ကြည့်ရှုလို့ရအောင် ထားရှိပေးထားတယ်လို့ သိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလတုန်းကတော့ တရုတ် ရှော့ပင်းမောတစ်ခုမှာ ထရမ့်နဲ့ တူတဲ့ လာဘ်ကောင် ကြက်ရုပ်တစ်ရုပ်ကို ထုတ်ဖော်ထားခဲ့ပြီး ယင်းအချိန်ကစလို့ ယင်းအရုပ်ပုံစံအတိုင်း အလားတူ ဆင်တူအရုပ်ငယ်တွေကို အမေရိကန်နိုင်ငံတစ်ဝှမ်း တွေ့ရှိလာခဲ့ရပါတယ်။

အဆိုပါ လေမှုတ်ကြက်ရုပ်ကြီးကို ယခုလို လာရောက်ထားရှိထားပေမယ့် ထရမ့်ကတော့ အိမ်ဖြူတော်မှာ ရှိမနေပါဘူး။ ၎င်းဟာ  လက်ရှိအချိန်မှာ သူ့ရဲ့ ၁၇ ရက်တာ အားလပ်ရက်ခရီးစဉ်အတွက် နယူးဂျာစီပြည်နယ် ဘက်ဒ်မင်စတာ မြို့က သူ့ရဲ့ ဂေါ့ဖ်ကလပ်မှာ ရောက်ရှိနေလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly