ဧပြီလက တည်ဆောက်ခဲ့သည့် တွံတေးတူးမြောင်း ကမ်းထိန်းနံရံ ပေ ၁၁၅၀ အနက် ပေ ၈၀ ခန့် ပြိုကျပျက်စီး

ဧပြီလက တည်ဆောက်ခဲ့သည့် တွံတေးတူးမြောင်း ကမ်းထိန်းနံရံ ပေ ၁၁၅၀ အနက် ပေ ၈၀ ခန့် ပြိုကျပျက်စီး
(ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့)

ရန်ကုန်၊ သြဂုတ် ၁၀ ။                ။ ယခုနှစ် ဧပြီလ ၁ရက်က စတင်တည်ဆောက်ခဲ့သည့် တွံတေးတူးမြောင်း ကမ်းထိန်းနံရံ ပေ ၁၁၅၀ အနက် ပေ ၈၀ခန့်မှာ ပြိုကျပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

တွံတေးမြို့နယ် အိုးဖိုအနောက်ရပ်ကွက်ရှိ အဆိုပါ တူးမြောင်းကမ်းထိန်းနံရံသည် သြဂုတ် ၁၀ရက် နေ့လည် ၂ နာရီခန့်က ပြိုကျပျက်စီးခြင်းဖြစ်ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ ကမ်းထိန်းနံရံကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက် ရေးဦးစီးဌာနမှ ယခုနှစ် ဧပြီ လ ၁ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်ပြီးစီးခဲ့သည့် ပေ ၁၁၅၀ အနက် ပေ ၈၀ ခန့် ပျက်စီးခဲ့ခြင်းဖြစ်သည်။

ပျက်စီးသွားခဲ့သည့် ကမ်းထိန်းနံရံအပိုင်းကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly