အမျိုးသားချည်းသာ ပါသော ကက်ဘိနက်ကြောင့် ဝေဖန်ခံရသည့် အီရန်သမ္မတက အမျိုးသမီးနှစ်ဦးအား ဒုသမ္မတ ခန့်အပ်

အမျိုးသားချည်းသာ ပါသော ကက်ဘိနက်ကြောင့် ဝေဖန်ခံရသည့် အီရန်သမ္မတက အမျိုးသမီးနှစ်ဦးအား ဒုသမ္မတ ခန့်အပ်

တီဟီရန်၊ သြဂုတ် ၉ ။             ။ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် သြဂုတ် ၉ ရက်တွင် အမျိုးသမီးနှစ်ဦးအား ဒုတိယသမ္မတများအဖြစ် ခန့်အပ်သော်လည်း ဝန်ကြီးနေရာ၌ အမျိုးသမီး လုံးလုံးခန့်အပ်ခြင်း မရှိသောကြောင့် ပြုပြင်ပြောင်းလဲရေးသမားများက ဆက်လက်ကာ စကားဖြင့် ထိုးနှက်ဝေဖန်နေလျက် ရှိနေဆဲဖြစ်သည်။

ပါလီမန်သို့ အမျိုးသားများသာ ပါသော ခန့်အပ်ဝန်ကြီးစာရင်းအား အလယ်အလတ်ဝါဒီ သမ္မတ ရိုဟာနီက တင်သွင်းကြေညာလိုက်ရာ မေလ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ၎င်းနောက်က   ထောက်ခံပံ့ပိုးပေးခဲ့ကြသည့် ပြုပြင်ရေးသမားများအပေါ် သစ္စာဖောက်လိုက်ခြင်းအဖြစ် မြင်ယောင်ယူဆစရာ ဖြစ်ခဲ့သည်။ အဆိုပါ ဝန်ကြီးစာရင်း ကြေညာပြီးနောက် ယခုဒုတိယသမ္မတအဖြစ် အမျိုးသမီးနှစ်ဦးကို ရိုဟာနီက ခန့်အပ်လာခြင်း ဖြစ်သည်။

"မယုံနိုင်စရာ တုန်လှုပ်စရာပါပဲ။ သမ္မတဟာ သူ့အစိုးရအဖွဲ့မှာ အမျိုးသမီးတွေကို ခန့်အပ်ဖို့ တောင်းဆိုတာကို မျက်ကွယ်ပြုထားတာပါပဲ။"ဟု လွှတ်တော်အမျိုးသမီးအဖွဲ့၏ ဦးဆောင်ဖြစ်သူ ပါဗန့်ရှ်က လွှတ်တော်အမတ်များအား ပြောသည်။

အမျိုးသမီး ဝန်ကြီးများ ခန့်အပ်ရေး လက်မှတ်ထိုး တောင်းဆိုမှုတွင် လွှတ်တော်အမတ် ၂၉၀ ရှိသည့်အနက် ၁၅၇ ဦးက လက်မှတ်ရေးထိုးထားကြသည်။

လွှတ်တော်က အတည်ပြုရန် မလိုသော ဒုတိယသမ္မတ နေရာအတွက် ယခုကဲ့သို့ အမျိုးသမီးနှစ်ဦးကို ခန့်အပ်ခြင်းက အနည်းငယ် ဖြေသာရာတော့ ဖြစ်စေသည်။

ပြန်လည်ရွေးကောက်ခံရသည့် ရိုဟာနီသည် ယခင်သမ္မတ သက်တမ်းအတွင်း အမျိုးသမီး ဒုတိယသမ္မတ သုံးဦး ထားရှိခန့်အပ်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly