အိမ်နီချင်းများ၏ သံတမန်ရေး ဖယ်ကြဉ်ခံရသည့် ကာတာက နိုင်ငံ ၈၀ ကို ဗီဇာကင်းလွတ်ခွင့် ပေး

အိမ်နီချင်းများ၏ သံတမန်ရေး ဖယ်ကြဉ်ခံရသည့် ကာတာက နိုင်ငံ ၈၀ ကို ဗီဇာကင်းလွတ်ခွင့် ပေး

ဒိုဟာ၊ သြဂုတ် ၉ ။        ။ သံတမန်ရေးရာ အခြေအတင်ဖြစ်ကာ အိမ်နီးချင်းများ၏ ဖယ်ကြဉ်ခံရသော ကာတာနိုင်ငံက လေဆိပ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတို့ကို မြှင့်တင်ရေးအတွက် နိုင်ငံပေါင်း ၈၀ ကို ဗီဇာကင်းလွတ်ခွင့် စီမံချက်အား သြဂုတ် ၉ ရက်တွင် စတင်သည်။

"ခု ဗီဇာကင်းလွတ်ခွင့် စီမံချက်က ဒေသတွင်းမှာ နိုင်ငံကို တံခါး ပိုဖွင့်လှစ်ပေးပါလိမ့်မယ်။"ဟု ဒိုဟာက သတင်းစာရှင်းလင်းပွဲတွင် ခရီးသွားလုပ်ငန်းဌာန တာဝန်ရှိသူ ဟာဆန်က ပြောခဲ့သည်။

၂၀၂၀ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပမည့် ရေနံကြွယ်ဝသော ပင်လယ်ကွေ့ကာတာနိုင်ငံသို့ တရားဝင်ပတ်စ်ပို့ ကိုင်ဆောင်ထားရုံဖြင့် နိုင်ငံ ၈၀ က ဧည့်သည်များ ဝင်ရောက်ခွင့် ရှိလာမည်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ မိုဟာမတ်ရာရှစ်က ပြောသည်။

ယခုဗီဇာကင်းလွတ်ခွင့် စီမံချက်တွင် အီးယူနိုင်ငံများ၊ အခြား အနောက်နိုင်ငံများ၊ လက်တင်အမေရိကနှင့် အာရှနိုင်ငံများ အကျုံးဝင် ပါရှိမည် ဖြစ်သည်။

စာရင်းပါ နိုင်ငံများတွင် ၃၃ နိုင်ငံမှ နိုင်ငံသားများက ကာတာတွင် ရက်ပေါင်း ၁၈၀ နေထိုင်ခွင့် ရမည်ဖြစ်ကာ ကျန် ၄၇ နိုင်ငံက ရက် ၃၀ နေထိုင်ခွင့် ရှိမည်ဖြစ်သည်။

ဗီဇာကင်းလွတ်ခွင့်ပေးမည့် နိုင်ငံများကို လုံခြံုရေးနှင့် စီးပွားရေးအခြေခံအပြင် နိုင်ငံတွင် ပိုက်ဆံသုံးနိုင်မည့် အင်အားတို့ကိုပါ တွက်ချက်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကာတာနိုင်ငံအား အစွန်းရောက်အဖွဲ့များထံ ထောက်ပ့ံနေသည်ဟု စွဲဆိုလျက် အိမ်နီးချင်းများ ဖြစ်ကြသော ဆော်ဒီဦးဆောင်သည့် အာရတ်နိုင်ငံများက သံတမန်ရေး ဒဏ်ခတ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly