ပြင်သစ်တွင် လုံခြံုရေးစစ်သားများကို ကားတစ်စီးက ရည်ရွယ်ချက်ရှိရှိ ၀င်တိုက်ခဲ့၍ ခြောက်ဦး ဒဏ်ရာရ

ပြင်သစ်တွင် လုံခြံုရေးစစ်သားများကို ကားတစ်စီးက ရည်ရွယ်ချက်ရှိရှိ ၀င်တိုက်ခဲ့၍ ခြောက်ဦး ဒဏ်ရာရ

သြဂုတ် ၉ ။              ။ ပြင်သစ်နိုင်ငံတွင် သြဂုတ်လ ၉ ရက်က ကင်းလှည့်စစ်သားများကို ကားတစ်စီးက ၀င်တိုက်မှု ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပြီး ခြောက်ဦး ဒဏ်ရာရကာ ၎င်းတို့အနက် နှစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်း ဖြစ်စဉ်မှာ နိုင်ငံအနောက်မြောက်ပိုင်း Leallois-Perret အရပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကားမှာ တိုက်ပြီး မောင်းပြေးသွားခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်မှာ တမင် ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြင်သစ် ရဲတပ်ဖွဲ့က ပြောကြားထားပြီး အဆိုပါ မောင်းပြေးသွားသည့် ကားနှင့် သံသယရှိသူ ဒရိုင်ဘာတို့ကို လိုက်လံရှာဖွေနေလျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်တွင် BMW ကားတစ်စီးက စစ်သားများကို ရည်ရွယ်ချက်ရှိရှိ ၀င်တိုက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကားဒရိုင်ဘာ၏လုပ်ရပ်မှာ တမင်ကြံစည်လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း ပါရီရဲဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသွားသည်။

ပြင်သစ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာလနောက်ပိုင်းကတည်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်နေခဲ့ခြင်းကြောင့် အရေးပေါ် အခြေအနေထုတ်ပြန်ကြေညာထားပြီး လူစည်ကားသည့် ခရီးသွားနေရာများတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို ပစ်မှတ်ထားတိုက်ခိုက်ခံနေရလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly