သိဟ်ရာသီ ဝါခေါင်မိုးနဲ့ မလှမ်းလာနိုင်တော့တဲ့ စစ်ကိုင်းလမ်းက ခိုင်ထူး

သိဟ်ရာသီ ဝါခေါင်မိုးနဲ့ မလှမ်းလာနိုင်တော့တဲ့ စစ်ကိုင်းလမ်းက ခိုင်ထူး
ဓာတ်ပုံ-သူရ

ရန်ကုန်၊ သြဂုတ် ၉ ။          ။ စတူဒီယိုခေတ်ဦးကနေ ယနေ့အချိန်ထိ ပရိတ်သတ်ကြားမှာ မှတ်မှတ်ရရပြောဆို နေကြရတဲ့ အဆိုတော်ခိုင်ထူး တစ်ယောက် သြဂုတ်လ ၉ရက် နေ့လည် ၃နာရီ ၂၄မိနစ်မှာ ရန်ကုန်မြို့၊ ပါရမီဆေးရုံမှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါပြီ။

သူကွယ်လွန်ချိန်မှာ  အသက် ၆၁ နှစ်ရှိနေခဲ့ပြီး ပန်ကရိယ ကင်ဆာနဲ့ ရန်ကုန်ကနေ ဘန်ဘောက်ကို ဆေးကုသဖို့သွားရောက်ခဲ့ပေမယ့် လက်လျှော့ခဲ့ရတာပါ။

ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ ခတ္တာ၊ နောက်ဆုံးအိပ်မက်၊ အဝေးဆုံး၊ အားလုံးကို ကျော်ဖြတ်ရမယ်၊ ဖိုးသာထူး သီချင်းတွေအပါအဝင် ပရိသတ်အားပေးမှု အများကြီးရခဲ့တဲ့  အဆိုတော်ခိုင်ထူးဟာ ဂီတအသိုင်းအဝိုင်းနဲ့ သူ့ပရိသတ်တွေကို ခွဲခွာသွားခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly