YBS ၆ မီနီဘတ်စ်ကားပေါ်မှ ဆဲဆိုပြီး ကိုယ်အမှုအရာ ရိုင်းပြခဲ့သော အမျိုးအမီးအား YRTA မှ အရေးယူမည်

YBS ၆ မီနီဘတ်စ်ကားပေါ်မှ ဆဲဆိုပြီး ကိုယ်အမှုအရာ ရိုင်းပြခဲ့သော အမျိုးအမီးအား YRTA မှ အရေးယူမည်

ရန်ကုန်၊ သြဂုတ်လ ၈ ။           ။ မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းမီးပွိုင့်အနီး YBS ၆ မိနီဘတ်စ်ကားပေါ်မှ ဆဲဆိုပြီး ကိုယ်အမူအရာရိုင်းပြခဲ့သော အမျိုးသမီးအား ရန်ကုန်တိုင်းဒေသကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ အနေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ အတည် ပြုပြောသည်။

အဆိုပါဖြစ်စဉ်မှာ သြဂုတ်လ ရ ရက်၊ ည ၁ဝ နာရီခန့်တွင် ချော်တွင်းကုန်းမီးပွိုင့်အနီး YBS ၆ မိနီဘတ်စ်ကားက ရှေ့မှ ယာဉ်အား လမ်းတောင်းစဉ် ဖယ်မပေးသဖြင့် စကားများပြီး အဆိုပါ YBS ၆ ယာဉ်ပေါ်ပါ အမျိုးသမီးက ဆဲဆိုခဲ့ပြီး ကိုယ်အမှုအရာ ရိုင်းပြစော်ကားခြင်းများပြုမှုခဲ့ခြင်းဖြစ်သည်။

ထိုသို့ YBS ၆ ယာဉ်ပေါ်ပါ အမျိုးသမီးက ဆဲဆိုခဲ့ပြီး ကိုယ်အမှုအရာ ရိုင်းပြခဲ့သော ဓာတ်ပုံများမှာလည်း လူမှု ကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။

“သူတို့ ယာဉ်လိုင်းကတော့ ရာသက်ပန်ထုတ်ပယ်မယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ကတော့ အဲ့ဒါနဲ့ မလုံလောက်ဘူး။ YRTA ကအရေးယူမယ်။ ဒါကနည်းနည်းလေး အရေးကြီးတာဖြစ်တယ်”ဟု ဒေါက်တာ မောင်အောင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်အား (YRTA)မှ အရေးယူရန်အတွက် ယာဉ်ပိုင်ရှင်များအပါအဝင် ယာဉ်မောင်းနှင့် ပါဝင်သူများကို လာမည့် သြဂုတ်လ ၉ ရက်တွင် အစည်းအဝေးခေါ်ယူ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly