Mixed martial arts ဆိုတဲ့ ရသကို ပေါ်လွင်စေခဲ့တဲ့ ပွဲ

Mixed martial arts ဆိုတဲ့ ရသကို ပေါ်လွင်စေခဲ့တဲ့ ပွဲ

ရုရှဖိုက်တာ မာဂိုမက်အီဒရီဆော့ဗ်နဲ့ ဘရာဇီးဂျူဂျစ်ဆုချန်ပီယံ ဟာဘတ်ဘန်း“The Blaze”  တို့ရဲ့ ပွဲစဉ်ကတော့ Mixed martial arts ဆိုတဲ့ ရသကို အမှန်တကယ်ပေါ်လွင်စေခဲ့ပါတယ်။

အီဒရီဆော့ဗ်က ၀ူရူးနဲ့ ကစ်ဘောက်ဆင် ချန်ပီယံဖြစ်လို့ သူအားသာတဲ့ လက်သီးထိုးချက်တွေနဲ့ပွဲကို စိုးမိုးဖို့ ကြိုးစားခဲ့သလို ကမ္ဘာ့ဂျူဂျစ်ဆုချန်ပီယံ ဟာဘတ်ဘန်းကလည်း သူအားသာတဲ့ ချုပ်ကွက်တွေနဲ့ ပွဲသိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တမ်းပွဲကစားသွားတဲ့ အခါမှာတော့ အီဒရီဆော့ဗ်ရဲ့ လက်သီးထိုးချက်တွေကို ဟာဘတ်ဘန်းခံခဲ့ရပြီး ပွဲစဉ်တစ်လျှောက်လုံးကို အီဒရီဆော့ဗ်ကပဲ ဦးဆောင်ကစားသွားခဲ့ပါတယ်။

ဟာဘတ်ဘန်းဟာ သုံးချီစလုံးမှာ အပိုင်ချုပ်နိုင်ဖို့ ကြိုးစားပေမယ့် အီဒရီဆော့ဗ်က သန်မာပြီး မြန်ဆန်လွန်းတာကြောင့် ဘယ်လိုမှ ချုပ်လို့ မရခဲ့ပါဘူး။ ကြမ်းပြင်ပေါ်ကို သုံးကြိမ်လောက် လှဲသိပ်နိုင်ပေမယ့် အကြိမ်တိုင်းမှာ အီဒရီဆော့ဗ်က ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒုတိယအချီ လှဲသိပ်နိုင်ချိန်မှာ ဟာဘတ်ဘန်းရဲ့ တံတောင်ရိုက်ချက်အချို့ရှိခဲ့ပေမယ့် အီဒရီဆော့ဗ်ကို နာကျင်စေလောက်အောင် မဖြစ်ခဲ့ပါဘူး။

အီဒရီဆော့ဗ်ရဲ့ ဘယ်ညာတွဲလုံးတွေ၊ ထောက်လက်သီးတွေနဲ့ပင့်လက်သီးတွေက ဟာဘတ်ဘန်းကို အထိနာစေခဲ့ပြီး အမှတ်တွေအများကြီး ရစေခဲ့ပါတယ်။ ဒါကြောင့်ပဲနောက်ဆုံး ဒိုင်တွေရဲ့ အဆုံးအဖြတ်ယူတဲ့အခါ အီဒရီဆော့ဗ်က အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲက ဂျူဂျစ်ဆုချန်ပီယံ ဟာဘတ်ဘန်းအတွက် ၂၀၁၇ မှာ ရုရှဖိုက်တာတွေကို ဒုတိယအကြိမ် အရှုံးပေးခဲ့ရတဲ့ပွဲဖြစ်ပြီး အီဒရီဆော့ဗ်အတွက်တော့ ရှုံးပွဲမရှိ ၈ ပွဲမြောက် နိုင်ပွဲအဖြစ် မှတ်တမ်းဝင်သွားတဲ့ပွဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly