ဒူးဒဏ်ရာပြဿနာကြောင့် ရာသီ လက်ကျန် ပွဲစဉ်တွေကို လွှဲချော်ရတော့မယ့် ကမ္ဘာ့အဆင့် (၄) တင်းနစ်သမား ဝေါ်ရီကာ

ဒူးဒဏ်ရာပြဿနာကြောင့် ရာသီ လက်ကျန် ပွဲစဉ်တွေကို လွှဲချော်ရတော့မယ့် ကမ္ဘာ့အဆင့် (၄) တင်းနစ်သမား ဝေါ်ရီကာ
(ဓာတ်ပုံ - အီးပီအေ)
 

ဆွစ်ဇာလန် တင်းနစ်သမား စတန့် ဝေါ်ရီကာဟာ ဒူးဒဏ်ရာကြောင့် ဒီရာသီလက်ကျန် ပွဲစဉ်တွေကို လွှဲချော်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

၎င်းရဲ့ ပြိုက်ဘက် ဆားဗီးယားကစားသမား ဂျိုကိုဗစ်က တံတောင်ဆစ်ဒဏ်ရာမှ ပြန်လည် သက်သာလာဖို့ အနားယူရန် လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ရက်သိပ်မကြာခင်မှာပဲ အခုလို ဝေါ်ရီကာရဲ့ ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

၎င်းဒူးဒဏ်ရာမှာ ဆေးကုသမှုခံယူရမှာဖြစ်တဲ့အတွက် ရာသီကုန်အထိ အနားယူဖို့ဖြစ်လာတယ်လို့ ဝေါ်ရီကာက Facebook မှ တစ်ဆင့် ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။

"ကျနော် စိတ်မကောင်းစွာ ကြေညာချင်တာကတော့ ကျနော်အဖွဲ့နှင့် ဆရာဝန်တို့နဲ့အတူ ပြောဆိုဆွေးနွေးပြီးနောက် ကျနော့် ဒူးကို ဆေးကုသမှုခံယူဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါက အသေအချာလုပ်ဖို့ ဖြေရှင်းနည်း တစ်ခုသာဖြစ်ပြီး ကျနော်ဟာ နောက်ထပ်နှစ်ပေါင်းများစွာ ထိပ်တန်းအဆင့်မှာ ယှဉ်ပြိုင်ကစားနို်င်ပါလိမ့်မယ်"လို့ ကမ္ဘာ့အဆင့် ၄ တင်းနစ်သမားက ပြောပါတယ်။

"ဒါဟာ အလွန်စိတ်ပျက်စရာဖြစ်ပေမယ့် ကျနော် ရှေ့ဆက်ဖို့နှင့် ဒဏ်ရာကနေ ပြန်သက်သာလို့ဖို့ အစီအစဉ်တွေ လုပ်ဆောင်နှင့်ပြီးဖြစ်ပါတယ်။ ၂၀၁၈ မှာ ခင်ဗျားတို့နဲ့ ပြန်တွေ့ကြရအောင်။"လို့ ယူအက်စ်အိုပင်းချန်ပီယံ မကာကွယ်နိုင်တော့မယ့် ဝေါ်ရီကာက ထည့်သွင်း ပြောကြားသွားပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags